ကလေးမြို့နယ်ပညာရေးမှူးရုံး မီးလောင်

2021.11.27
ကလေးမြို့နယ်ပညာရေးမှူးရုံး မီးလောင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က မြို့နယ်ပညာရေးမှူးရုံး မီးလောင်နေလို့ ငြှိမ်းသတ်နေတာကို တွေ့ရစဉ်
ဓာတ်ပုံ - မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ဇလပ်ရပ်ကွက်က မြို့နယ်ပညာရေးမှူးရုံးမှာ နိုဝင်ဘာလ ၂၇ ရက် ဒီနေ့မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ဘာကြောင့်မီးလောင်ကျွမ်းရသလဲဆိုတာကို ကလေးမြို့နယ် မီးသတ်တပ်ဖွဲ့ဆီ RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းရာမှာ ရှို့မီးလို့ သုံးသပ်ကြောင်း မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဒီနေ့ မနက် ၁၁ နာရီ အချိန်က ပြောပါတယ်။

"ရှို့မီးလို့ သုံးသပ်တယ်။ ဘယ်သူတွေရှို့သလဲတော့ မသိဘူ။ အတွင်းပိုင်းမှာ အရင်လောင်နေတာ။ မီးသတ်ဖို့ ရောက်တဲ့အချိန်မှာလည်း မီးတုတ်တွေ တွေ့ရတယ်။ ရုံးအတွင်းပိုင်းကတော့ ကျောင်းပစ္စည်းတွေ အကုန် ပါသွားတယ်။ ညစောင့်လည်း မရှိဘူး"

ဒီနေ့မနက် ၇ နာရီ ၁၀ မိနစ်အချိန်လောက်က မီးစတင်လောင်ခဲ့တာဖြစ်ပြီး မီးသတ်ယာဉ်တစ်စီး၊ ရေသယ် ယာဉ် သုံးစီးတို့နဲ့ ငြိမ်းသတ်ခဲ့ရာ ၇ နာရီ ၅၀ မိနစ်လောက်အကြာမှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီမီးလောင်မှုနဲ့ပတ်သက်ပြီး ဆုံးရှုံးမှုတန်ဖိုး ဘယ်လောက်ရှိတယ်ဆိုတာတော့ မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။