ကလေးမြို့မှာ Stay at Home ကန့်သတ်မိန့်ရုပ်သိမ်း
2020.05.17
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း နေအိမ်မှာ နေထိုင်ကြဖို့ ထုတ်ပြန်ထားတဲ့ Stay at Home အမိန့်ကို မေလ ၁၅ ရက်နေ့က ပယ်ဖျက်လိုက်ကြောင်း ကလေးမြို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ကလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ လူနာသုံးဦးဟာ ဓာတ်ခွဲခန်းဆေးစစ်ချက် နှစ်ကြိမ် စစ်ဆေးရာမှာ ရောဂါကင်းရှင်းကြောင်း Negative နှစ်ကြိမ် ပြတာကြောင့် မေလ ၁၅ ရက်နေ့မှာပဲ ဆေးရုံးဆင်းခွင့် ပြုလိုက်ပါတယ်။
ဆေးရုံဆင်းခွင့်ပြုလိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာတွေကတော့ လူနာအမှတ် ၁၁၅၊ ၁၁၆ နဲ့ ၁၁၇ တို့ ဖြစ်ကြောင်း ကလေးမြို့ဆေးရုံက RFA ကို အတည်ပြုပြောကြားပါတယ်။
ကလေးမြို့မှာ Stay at home အမိန့်ကို ပယ်ဖျက်လိုက်ပေမယ့် အပြင်သွားလာတဲ့အခါ လက်ဆေးတာ၊ လူစုလူဝေး ရှိတဲ့နေရာတွေကို မသွားလာဖို့နဲ့၊ Mask ကို အမြဲဝတ်ဆင်ဖို့ ကျန်းမာရေး နှိုးဆော်ချက်တွေကိုတော့ ဆက်လက် ထုတ်ပြန်ထားဆဲ ဖြစ်ပါတယ်။