သားဖြစ်သူကို မတွေ့လို့ ဖခင်ကို ဖမ်းဆီးသွား

2021.11.27
သားဖြစ်သူကို မတွေ့လို့ ဖခင်ကို ဖမ်းဆီးသွား ကလေးမြို့လမ်းဆုံကို ၂၀၂၁ နိုဝင်ဘာ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်း ကလေးမြို့မှာ နိုဝင်ဘာ ၂၆ ရက် မနေ့ကမနက် ၁၁ နာရီခန့်မှာ အောင်မြေမာန်ရပ်ကွက်မှာ နေထိုင်တဲ့ ကိုချစ်ဖူးကို နေအိမ်မှာမတွေ့လို့ ဖခင်ဖြစ်သူ ဦးမောင်ညွန့် (၆၄) နှစ်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေက သူ့ကိုဘာကြောင့် လာဖမ်းရသလဲဆိုတာ သူကိုယ်တိုင်လည်း မသိဘူးလို့ ကာယကံရှင် ကိုချစ်ဖူးက ပြောပါတယ်။

"ဖမ်းတာကတော့ အဓိက ကျနော့်ကို လာပြီးတော့ ဖမ်းတာပေါ့နော်။ ကျနော် အိမ်မှာ ရှိမနေတဲ့အတွက် ကျနော့် အဖေ့ကို လာဖမ်းသွားတယ်လို့ သိရတယ်။ ကျနော်ကို ဘာကြောင့်လာဖမ်းသလဲတော့ ကျနော် လည်း မသိဘူး"

ကိုချစ်ဖူးဟာ ကလေးမြို့နယ်ထဲမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေနဲ့ နွမ်းပါးပြည်သူတွေကို ထောက်ပံ့နေတဲ့သူဖြစ်ပါတယ်။

ကိုချစ်ဖူးတို့အိမ်ကို စစ်ကောင်စီတပ်တွေက အိမ်စီးကား လေးစီး၊ စစ်ကားသုံးစီးနဲ့ ရောက်လာပြီး ဖခင် ဖြစ်သူ ဦးမောင်ညွန့်ကို ကလေးဒေသ ကွပ်ကဲရေးစစ်ဌာနချုပ်ကို ခေါ်သွားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါ တယ်။

ဦးမောင်ညွန့်ကို ဖမ်းဆီးသွားတာနဲ့ ပတ်သက်ပြီး RFA က စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေ ပါတယ်။

ကလေးမြို့မှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်လို့ သေဆုံးသူ ၆၅ ဦးကျော်နဲ့ ဖမ်းဆီးခံရသူ သုံးရာငါးဆယ်ကျော်ခန့် ရှိတယ်လို့ ကလေးမြို့ သပိတ်ဦးဆောင်တဲ့ အဖွဲ့ရဲ့ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။