ကလေးမြို့ ကြိုးကြာကွင်းရွာက ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

RFA Burmese
2024.01.14
ကလေးမြို့ ကြိုးကြာကွင်းရွာက ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံး စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြောက်ပိုင်း ကျေးရွာများမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြောက်ပိုင်း၊ ကြိုးကြာကွင်းရွာမှာထဲကို ဇန်နဝါရီ ၁၃ ရက် မနေ့ကမနက်ပိုင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူ ကလေးငယ်က အသက် ၁၂ နှစ်အရွယ် မဝုန်ဆန်းလန်ပါ။ အိမ်အနီးကျရောက် ပေါက်ကွဲတဲ့ လက်နက်ကြီးကျည်စဟာ ဝမ်းဗိုက်ကိုထိမှန် သေဆုံးခဲ့တာလို့ ကလေးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က လက်နက်ကြီးထိပြီး သေတဲ့ကလေးက ကြိုးကြာကွင်းကလို့ သိရတယ်။ အသက် ၁၂ နှစ်လို့ အတည်ပြုထားတယ်။ အိမ်ကို လက်နက်ကြီးမှန်ပြီ သေတာပေါ့။ ကြိုးကြားကွင်းရွာက ကလေးမြို့နဲ့က ဆိုင်ကယ်နဲ့ မိုင်ကုန်မောင်းရင် ၄၅ မိနစ်လောက် မောင်းရတဲ့ရွာပါ”

ဒီလက်နက်ကြီးကျည်ကို ကလေးမြို့အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇန်နဝါရီလ ၃ ရက်နေ့ကလည်း ကလေးမြို့နယ်၊ လက်ပံချောင်းရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက်ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ရွာခံ ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။