ကရင် ၃ ပါတီ ပူးပေါင်းမည်
2014.11.12
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကရင်နိုင်ငံရေးပါတီ သုံးခုပူးပေါင်းသွားမယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ KSDDP ၊ ကရင်ဒီမိုကရက်တစ်ပါတီ KDP နဲ့ ကရင်ပြည်သူ့ပါတီ KPP တို့ ပူးပေါင်းပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်တွေမထပ်အောင် ခွဲဝေပြီး ဝင်ရောက်ယှဉ်ပြိုင်သွား မယ်လို့ ကရင်ပြည်သူ့ပါတီ ဒုတိယဥက္ကဌ ဦးစောဆေးဝါးက ပြောပါတယ်။
"နေရာတစ်ခုကို လုပြီးတော့ မဝင်ကြဘူးလေကွယ်၊ သူဝင်မယ့်နေရာကို ကျန်တဲ့ပါတီတွေက ရှောင်ပေးလိုက် မှာပေါ့ကွာ၊ နောက်တစ်ခုက သူဝင်တဲ့နေရာကို အားလုံးကကူပြီးတော့ ဝိုင်းဝန်းအားပေးမယ်လေ၊ မဟာမိတ်ဖွဲ့တဲ့ အဆင့်တော့ မရောက်သေးဘူးဗျ၊ လောလောဆယ်တော့ လက်တွဲပြီးတော့ ညှိနှိုင်းတိုင်ပင် လုပ်ကြမယ့်သဘော ရှိပါတယ်၊ အသေးစိတ် မဆွေးနွေးရသေးဘူး"
ပါတီသုံးခုက ခေါင်းဆောင်တွေ တွေ့ဆုံပြီး အသေးစိတ် ထပ်မံဆွေးနွေးသွားမယ်လို့လည်း သိရပါတယ်။
ကရင်ပြည်သူ့ပါတီဟာ ရန်ကုန်အခြေစိုက်ပါတီတစ်ခုဖြစ်ပြီး ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ ဖံ့ွဖြိုးတိုးတက်ရေးပါတီနဲ့ ကရင်ဒီမိုကရက်တစ်ပါတီတို့က ကရင်ပြည်နယ် ဘားအံမြို့နယ် အခြေစိုက်ပါတီတွေဖြစ်ပါတယ်။