တရုတ်ရေကာတာ စီမံကိန်းများကို ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ကန့်ကွက်
2011.03.10

“စပြီးတော့မှ ၂၀၁၀ ဇန်နဝါရီလကနေ သူတို့ လက်မှတ်ရေးထိုးတယ်ပေါ့နော်၊ နေပြည်တော်မှာ လက်မှတ်ရေးထိုးပြီးတော့မှ တဆက်တည်းပဲ တိုင်းတာတယ်။ ဟို အစောင့်အရှောက်တွေနဲ့ပေါ့နော်။ စစ်သားတွေနဲ့၊ အစောင့်အရှောက်တွေနဲ့ ကျွန်တော်တို့ ဘာလုပ်နေတယ် ဆိုတဲ့ဟာကို ဘယ်သူ့မှ သူတို့လည်း မပြောဘူး။ အခုလို အခြေအနေမျိုးက လွတ်လပ်မှု မရှိတဲ့ နေရာတွေမှာ အဲလို လုပ်ဖို့ လုံးဝ မသင့်တော်ဘူးပေါ့နော်။ ကျွန်တော်တို့ တောင်းဆိုတာကတော့ ဒီနေရာကနေ ဆက်မလုပ်တော့ပဲနဲ့ ရပ်ဆိုင်းဖို့ပေါ့နော်။ ဒီဟာပြီးရင် ဖြစ်လာမဲ့ နောက်ဆိုးကျိုးတွေကို ကျွန်တော်တို့ တွက်ကြည့်တာကို ကျွန်တော်တို့အတွက် မကောင်းဘူးဆိုတာကို အဲလို ပြောရခြင်း ဖြစ်တယ်ပေါ့နော်။”
ကယားပြည်နယ်တွင်းက ရေကာတာကြီး ၃ ခုအတွက် (ဒါတန်း) ကုမ္ပဏီနဲ့ စစ်အစိုးရတို့ကြား ၂၀၁၀ ဇန်နဝါရီလမှာ စာချုပ် ချုပ်ပြီး တရုတ်အင်ဂျင်နီယာတွေနဲ့ မြန်မာအင်ဂျင်နီယာတွေ ပူးပေါင်းကာ လျှိူ့ဝှက် တိုင်းတာမှုတွေ လုပ်နေကြောင်း သိရပါတယ်။ ကယားပြည်နယ် ရွာသစ်မှာ ဆောက်လုပ်မဲ့ ရေတာတာဟာ လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၆၀၀ အထိ ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။ အခြား၂ ခုကတော့ မဂ္ဂါဝပ် ၁၃၀ နဲ့ ၁၁၀ စီ ထုတ်လုပ်နိုင်မယ်လို့ သိရပါတယ်။
အရင် မဆလ.အစိုးရလက်ထက်တုန်းကလည်း ဂျပန်နိုင်ငံရဲ့ ODA အကူအညီနဲ့ ကယားပြည်နယ်တွင်းမှာ လောပီတ ရေအားလျှပ်စစ် စီမံကိန်းအရ စက်ရုံတည်ဆောက်ခဲ့ပေမဲ့ ဒေသခံ ကရင်နီပြည်သူတွေ လျှပ်စစ်မီး မရကြဘူးလို့ ဒေသခံတွေက ပြောဆိုပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့ တာဝန်ခံ ခူးသော်ရယ်ကို RFA မှ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |