ဆရာမနှစ်ဦး သတ်ဖြတ်ခံရမှု ခရစ်ယာန် အဖွဲ့ချုပ်က စုံစမ်းမည်


2015.02.08
kachin-teachers-620.jpg ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ညက ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးကျေးရွာမှာ အသတ်ခံရတဲ့ ဆရာမ မရမ်လုရာနှင့် ဆရာမ တန်ဘောင်ခေါန်ဒင့် တို့ပုံ
.

ရှမ်းပြည်နယ် မူဆယ်မြို့နယ်၊ ကောင်းခါးကျေးရွာ မှာ ကျောင်းဆရာမနှစ်ဦး သတ်ဖြတ် ခံရမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ဖို့အတွက် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်က အဖွဲ့ဝင် ၁၅ ဦးပါတဲ့ ကော်မတီကို ဖွဲ့စည်း လိုက်ပါတယ်။

အဲ့ဒီအမှုမှန်ပေါ်ပေါက်ရေးကော်မတီဟာ အစိုးရက ဖွဲ့စည်းထားတဲ့ စုံစမ်းရေးအဖွဲ့နဲ့ ပူးပေါင်းလုပ်ကိုင်သွား မှာဖြစ်တယ်လို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က ဦးလမာယော်က ပြောပါတယ်။

"အဲ့ရွာကိုသွားပြီးမှ ဖြစ်စဉ်အားလုံးတွေကို စုံစမ်းဆောင်ရွက်သွားဖို့ပါပဲ၊ ဟိုမှာအစိုးရဖွဲ့စည်း ထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မတီတွေနဲ့လဲ ပူးပေါင်းကြမှာပါ၊ ခိုင်လုံတဲ့ အကြောင်းပြ ချက်လေးတွေ တွေ့လာပြီးဆိုရင်တော့ ဆောင်ရွက်သွားမှာပါ၊ ရက်အပိုင်း အခြားမရှိဘူးဗျ၊ အမှုမှန်ပေါ်တဲ့ အထိအဲ့လိုပဲ၊ စစ်ချက်တွေတောင်မှ ဘယ်သူဘယ်ဝါ ဆိုတာဘာမှထုတ်ပြန်ချက်မသိရသေးတဲ့အခါကျတော့ ကျနော်တို့လဲ ကော်မတီသီး သန့်ပြန်ဖွဲ့ပြီးမှ ထုတ်ပြန်ချက် ဘာမှမလုပ်ပါဘူး "

အမှုမှန်ပေါ်ပေါက်ရေးကော်မတီမှာ ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ရှေ့နေတွေနဲ့ ဒေသခံတွေပါဝင် ပါတယ်။

အဲ့ဒီကော်မတီဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ၊ ကေအိုင်အိုဗဟိုကော်မတီ တို့ထံ အကြောင်းကြားထားတယ်လို့သိရ ပါတယ်။

ကချင်ကျောင်းဆရာမနှစ်ဦးဟာ ဇန်နဝါရီလ ၁၉ရက်နေ့ညက ကောင်းခါးကျေးရွာ မှာရှိတဲ့ သူတို့နေထိုင်တဲ့ နေအိမ် အတွင်းမှာ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရပါတယ်။

အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်မှူးချုပ်ကြီးကိုကို က သံသယ ရှိသူ ဒေသခံ နှစ်ဦးကို စစ်ဆေးဖို့ ကျန်နေသေး ကြောင်းနဲ့ အဲဒီ နှစ်ဦးဟာ ကေအိုင်အေထိန်းချုပ်နယ်မြေမှာ ထွက်ပြေး တိမ်းရှောင် နေတယ်လို့မနေ့က ပြောပါတယ်။

KBC အဖွဲ့ပြန်ကြားရေးတာဝန်ခံ သိက္ခာတော်ရ ဆရာတော်ဦးလမိုင်ယော်ကို RFA ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။