ခင်ဦးမှာ ပျူစောထီးအဖွဲ့ဝင်တစ်ဦး အသတ်ခံရ

2021.10.10
ခင်ဦးမှာ ပျူစောထီးအဖွဲ့ဝင်တစ်ဦး အသတ်ခံရ စစ်ကိုင်းတိုင်း ခင်ဦးမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် နှောကုန်းကျေးရွာက စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင်လို့ စွပ်စွဲ ခံထားရသူတစ်ဦး အောက်တိုဘာ ၁၀ ရက် ဒီနေ့ နေ့လည်ပိုင်းက အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၃၈ နှစ်အရွယ် ကိုကရင်က ပြည်သူတွေကို ဒုက္ခရောက်အောင် လုပ်နေတဲ့အပြင် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ် PDF တွေကို စိန်ခေါ်နေလို့ အခုလို ရှင်းလင်းရတာလို့ တောကြီးမြွေဟောက် အဖွဲ့-ခင်ဦး (King Cobra – Khin U) အဖွဲ့က ပြောပါတယ်။

“သူက PDF တွေကို စိန်ခေါ်တာ၊ မင်းတို့ PDF ဆိုတဲ့ကောင်တွေ ငါ့ဆီတပည့်လာခံလိုက်ကြ မိုင်းဘယ်လို ထောင်ရမလဲဆိုတာ ငါပြောပြမယ်။ အဲတာမျိုးတွေပြောနေတာ”

သူဟာ ပျူစောထီး သင်တန်းဆင်းထားသူဖြစ်သလို ဒေသတွင်းက စစ်ကောင်စီ သတင်းပေးတွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှောကုန်းရွာမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ပျူစောထီးလို့ စွပ်စွဲခံရသူ နှစ်ဦး သတ်ဖြတ်ခံခဲ့ရတယ် လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ခင်းဦးမြို့နယ်ထဲက ရွာတချို့မှာလည်း စစ်ကောင်စီက ပျူစောထီးတွေကို စစ်သင်တန်းပေးဖို့ ပြင်ဆင် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။