ခင်ဦးမြို့နယ်မှာ ဒလန်လို့ စွပ်စွဲချက်နဲ့ တစ်နေ့တည်း လေးဦး အသတ်ခံရ

2021.12.03
ခင်ဦးမြို့နယ်မှာ ဒလန်လို့ စွပ်စွဲချက်နဲ့ တစ်နေ့တည်း လေးဦး အသတ်ခံရ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တစ်နေရာကို တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာမှာ စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင်တွေအဖြစ် သတ်မှတ်ခံထားရသူ လေးဦး ဒီဇင်ဘာလ ၃ ရက် ဒီနေ့ သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြော ပါတယ်။

သတ်ဖြတ်ခံရသူဟာ အသက် ၅၀ အရွယ် ဦးခင်မောင်ဌေးနဲ့ သူ့ရဲ့သားဖြစ်သူ အသက် ၃၀ အရွယ် ကိုကျော်သူလှ၊ ကျောက်ချောရွာက အသက် ၄၀ အရွယ် ဦးမိုးခိုင်နဲ့ ထနောင်းကိုင်းကြီးရွာက အသက် ၅၀ အရွယ် ဦးမြဒေါင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

တောကြီးမြွေဟောက်အဖွဲ့ - ခင်ဦး (King Cobra – Khin U) အဖွဲ့ဝင်တစ်ဦးကတော့ ဒါဟာ သူတို့ အဖွဲ့လက်ချက် လို့ ပြောပါတယ်။

“သူတို့က စစ်ကောင်စီကို သတင်းပေးနေတာ။ ခင်ဦး PDF စခန်းကို ဝင်သိမ်းခံရတုန်းကလည်း သူတို့ပဲ သတင်းပေးခဲ့တာ။ ကျေးရွာတွေမှ ပျူစောထီးအဖွဲ့တွေဖွဲ့ဖို့ လူစုတယ်။ PDF တွေကို ထောက်လှမ်းတယ်။ ရွာတွေကို ဒုက္ခပေးတယ်။ ဒါကြောင့် ရှင်းလင်းရတာပါ။ မရှင်းလင်းခင်မှာလည်း ကြိုသတိပေးတာတွေ လုပ်တယ်။ မိသားစုကိုမထိဘူး။ ဒလန်လုပ်တဲ့သူကိုပဲရှင်းတာ”

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း ခင်ဦးမြို့ အောင်ချမ်းသာရပ်ကွက်က စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးနေသူ အသက် ၅၀ ကျော်အရွယ် ဦးခင်မောင်ဇင်ဟာလည်း သူနေထိုင်ရာ နေအိမ်မှာပဲ အသတ်ခံခဲ့ရပါတယ်။

အာဏာသိမ်းကာလအတွင်းမှာ စစ်ကောင်စီသတင်းပေး၊ ပျူစောထီးအဖွဲ့ဝင်တွေလို့ သတ်မှတ်ခံထားရသူ ၇၃ ယောက်အထိ ရှင်းလင်းခဲ့တယ်လို့ တောကြီးမြွေဟောက်အဖွဲ့-ခင်ဦး ( King Cobra – Khin U) အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။