တိုက်ပွဲတွေဖြစ်နေပေမယ့် KIA က အပစ်ရပ်ရေး ဆက်ဆွေးနွေးမည်


2013.09.13

KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တွေနဲ့  မြန်မာအစိုးရတပ်တွေ ထပ်မံပြီး တိုက်ပွဲတွေဖြစ်ပွားနေပေမယ့် အစိုးရနဲ့ အပစ်ရပ်ရေးကိစ္စတွေကို ဆက်လက်ဆွေးနွေး မယ်လို့  KIA ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်းက မနေ့က ပြော ကြားလိုက်တယ်လို့ အေပီသတင်းမှာ ပါရှိပါတယ်။

လာမယ့် တနင်္လာနေ့မှာ အပစ်ရပ်ရေးဆွေးနွေးပွဲ ထပ်ကျင်းပမယ်လို့ ဦးလာနန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလမှာနောက်ဆုံးကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာတော့ ငြိမ်းချမ်းရေးရရှိရေးကို ရှေးရှုတဲ့အချက် ၇ ချက်ပါ သဘောတူညီချက်ကို နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ပေမယ့် နှစ်ဖက်တပ်တွေကြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ သြဂုတ်လကစလို့ တိုက်ပွဲအရှိန်မြင့်လာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။