အစိုးရတပ်က ဗျူဟာမှူး ဒဏ်ရာရကြောင်း KIO ပြောဆို

အစိုးရတပ်တွေနဲ့ KIO ကချင်တပ်ဖွဲ့ တိုက်ပွဲ အတွင်းမှာ မနေ့က အစိုးရတပ်က ဗျူဟာမှူး ဗိုလ်မှူးကြီး တဦး ထိခိုက် ဒါဏ်ရာ ရရှိတယ်လို့ KIO ဖက်က ပြောဆိုပါတယ်။ ထိခိုက် ဒါဏ်ရာရသူ မိုးမိတ် ဗျူဟာက ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်တိုးဟာ နယ်ကျွံပြီး KIO တပ်တွေ အတွင်းမှာ ပိတ်မိခဲ့တာ ဖြစ်တယ်လို့ KIO အရာရှိတွေက ပြောပါတယ်။

2011.06.14
kia-clashes-map-305-z ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဆန်ဂန် KIA တပ်ရင်း ၁၅ နယ်မြေအတွင်း ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က KIO ကချင် လွတ်မြောက်ရေးအဖွဲ့နှင့် မြန်မာအစိုးရတပ်များ အကြား တိုက်ပွဲဖြစ်ပွားသည့်နေရာကို ပြသထားသည့် မြေပုံ။ (www.kachinnews.com)
www.kachinnews.com

မနေ့က ဗိုလ်မှုူးကြီး အောင်တိုး ကျဆုံးသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး KIO အဖွဲ့ ပြောခွင့်ရ ဦးလနန်းက

"ထိခိုက်ဒါဏ်ရာ ရတယ်ဆိုတာတော့ ကြားတယ်။ ကျသွားပြီဆိုတာကတော့ တဆင့်စကားနဲ့ တဆင့် ပြောတာ ဖြစ်ပါလိမ့်မယ်။ သိပ်တော့ မသေချာဘူး ထင်တယ် ထိခိုက်တယ် ဆိုတာတော့ သေချာတယ်"

တဆက်တည်း KIO ဖက်က ကျဆုံးသူ ၃ဦး ရှိပြီး ၃ ဦး ဒါဏ်ရာရတယ်လို့ ပြောပါတယ်။ အစိုးရဘက်က ကျဆုံးသူနဲ့ ထိခိုက် ဒဏ်ရာရသူများကို အတည်မပြုနိုင်ပေမဲ့ များပြားတယ်လို့ ပြောပါတယ်။

"မိုးမောက်ဖက်က ပြောလာတာရယ် တယ်လီဖုံးက တဆင့် ပြောလာတာတွေကတော့ ဆေးရုံမှာ အရေးပေါ်မှာ ဒဏ်ရာ ရတဲ့ လူနာတွေက အနဲဆုံး ၈၀ ကနေ ၁၀၀ နီးပါး ရှိနေပြီ လို့ ခန့်မှန်း ပြောနေကြတယ်။ ဆုံးသွားတဲ့ ရဲဘော်တွေ သွားမြုပ်နှံတယ်ဆိုတာလည်း ကြားနေရတယ်။ ထိခိုက် ဒဏ်ရာရတာ အတော်များတယ်ဆိုတာတော့ သေချာတယ်။"

အစိုးရတပ်ဖက်က ထိခိုက် ဒါဏ်ရာ ရတာတွေနဲ့ ပတ်သက်ပြီး အစိုးရက တရားဝင် ထုတ်ပြန်တာ မရှိသလို RFA အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။ အစိုးရတပ်ဖက်က ၃၀ လောက် ကျဆုံးပြီး ဒါဏ်ရာရရှိသူ ၁၀၀ လောက်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-06-20 16:27

စစ်ဖြစ်တာတော့မကောင်းပါဘူး။အစိုးရဘက်ကအကျများတာဆိုရင်တော့အရမ်းကောင်းတာဘဲနော်။ပျော်လိုက်တာပြောမနေနဲ့တော့ ဦးသန်းရွှေကြီးသေတဲ့အတိုင်းပါဘဲ

Anonymous
2011-06-20 16:23

အစိုးရဘက်ကသေတာများလေကောင်းလေပါဘဲ။
သူတို့ကြောင့် မြန်မာတွေအရှက်ရတာ။

Anonymous
2011-06-19 16:24

ကောငးပါတယ်