UNFC အဖွဲ့တွင်း ပါဝင်မှု ယာယီရပ်ဆိုင်းကြောင်း KNU ကြေညာချက်ထုတ်ပြန်


2014.09.02
unfc-305.jpg ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ပထမဆုံးအကြိမ် ညီလာခံကို သြဂုတ်လ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပစဉ်
Photo: Aung Moe Myint/RFA

ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC  ရဲ့ လုပ်ပိုင်ခွင့်အာဏာ ချုပ်ကိုင်ထားမှုကို ကန့်ကွက်တဲ့အနေနဲ့ အဖွဲ့တွင်း ပါဝင်မှုကို ယာယီ ရပ်ဆိုင်းလိုက်ကြောင်း KNU က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

KNU အဖွဲ့အနေနဲ့ UNFC အဖွဲ့ရဲ့ ဖွဲ့စည်းပုံကို စုပေါင်း ဦးဆောင်တဲ့ပုံစံနဲ့ ဖြစ်စေချင်ကြောင်း၊  ဒါပေမဲ့ UNFC က  အဖွဲ့ဝင်တွေရဲ့ လုပ်ပိုင်ခွင့်ကို ချုပ်ကိုင်ထားတဲ့ အတွက် အခုလို ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း KNU အဖွဲ့ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။

KNU အနေနဲ့ UNFC အဖွဲ့မှာ ဆက်လက်ပါဝင်ရေးကို လာမယ့် ရက်သတ္တပါတ်အတွင်း KNU ဗဟိုကော်မတီမှာ စည်းဝေးဆွေးနွေးပြီးမှ အပြီးသတ်ဆုံးဖြတ် မှာဖြစ်ကြောင်း၊ ဒီဆုံးဖြတ်ချက်ချပြီးတဲ့အထိ KNU အနေနဲ့ UNFC ရဲ့ စည်းဝေးပွဲတွေ၊ ဆုံးဖြတ်ချက်တွေ၊ လှုပ်ရှား မှုတွေမှာ ပါဝင်ခြင်းပြုမှာ မဟုတ်ကြောင်း စက်တင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ အဲဒီ ကြေညာချက် မှာ ဖော်ပြထားပါတယ်။

အခုလို UNFC အဖွဲ့ ကနေ KNU နှုတ်ထွက်လိုက်တာနဲ့ပတ်သက်ပြီး ပဒိုစောကွယ်ထူးဝင်းကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။