ကိုထင်ကျော် ထောင်တွင်း ဆန္ဒပြ
2015.04.19

ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်ဟာ သူ့ကို သီးသန့်ဆောင်ရွှေ့ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထောင် အာဏာပိုင်က ဖြေရှင်းတာကို မကျေနပ်တဲ့အတွက် မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးမရိတ်၊ ဆံပင်မညှပ်တော့ တဲ့အပြင် အခန်းထဲကနေ အပြင်မထွက်ပဲနေတယ်လို့ မနေ့က ထောင်ဝင်စာသွားတွေ့တဲ့ သူ့ဇနီး မသန်းသန်းမော်က ပြောပါတယ်။
"ထောင်ဝင်စာမှာ မုတ်ဆိတ်မွှေးတွေ ၊ နှုတ်ခမ်းမွှေးတွေ ဘာလို့ထားတာလဲ ဘာလို့ မညှပ်လဲဆိုတော့ ဖြေရှင်းချက်ကိုသိပ်ပြီးတော့ သဘောမကျတဲ့အတွက်တဲ့၊ တိုက် ၃ ထဲမှာပဲနေ တယ်ပေါ့၊ ဘာဖြစ်လို့လဲမေးတော့ ဟိုတစ်ခါတုန်း က ပြဿနာဖြစ်တဲ့ကိစ္စကို ထောင် မှာမေးတော့ ထောင်ပိုင်ကသူလုပ်တာပါပေါ့နော်၊ ကိုထင်ကျော်တို့နေတဲ့တိုက်တွေကို ဆေးသုတ်ချင် လို့ရွေ့တာပါဆိုပြီးတော့ လာဖြေရှင်းတယ်တဲ့၊ ဒီအဖြေကို ကိုထင်ကျော်က မကြိုက်ဘူး၊ ဒီဟာ ပြည် ထဲရေးက တိုက်ရိုက်ခိုင်းတာလားပေါ့ သူမေးတယ်ပေါ့၊ သူလုပ်တာပါလို့ ပြောတယ်တဲ့၊ အရေးယူမယ် ဆိုရင်လည်း သူ့ကိုပဲအရေးယူပါဆိုပြီး ထောင်ပိုင်က ကိုထင်ကျော်တို့ ရွေ့တဲ့ပြဿနာကို လာပြီးတော့ရှင်းပြ ပါတယ်၊ ဖြေရှင်းချက်ကို မကြိုက်တဲ့အတွက်ကြောင့်မို့လို့ အဲ့လိုမျိုးဖြစ်သလိုနေလိုက်တယ်ပေါ့"
ကိုထင်ကျော်ဟာ သူ့ကိုထားတဲ့ တိုက်ခန်းအပြင်ဘက်ကို ရေချိုးဖို့နဲ့ ထောင်ဝင်စာတွေ့ဖို့ပဲ ထွက်တော့တယ်လို့ လည်း ပြောပါတယ်။
အခန်းလွတ်တွေရှိနေရက် ကိုထင်ကျော်ကို လူသတ်မှုတရားခံတစ်ယောက်နဲ့ သေဒဏ်ကျ ရာဇဝတ်သား တစ်ယောက်နဲ့ အတူ ၁ဝ ပေ ၁၂ ပေ ရှိတဲ့ အခန်းကျဉ်းလေးမှာ ပြီးခဲ့တဲ့ မတ်လမှာ သီတင်းနှစ်ပတ်လောက် သုံးယောက်အတူထားခဲ့ပါတယ်။
သူဟာအခု ရန်ကုန်တိုင်းမြို့နယ် ၁၃ မြို့နယ်က ပုဒ်မအမျိုးမျိုးတပ်ပြီး စွဲဆိုတဲ့အမှုတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်နဲ့ ၆ လ ကျခံနေရသူဖြစ်ပါတယ်။