ကျောင်းသားခေါင်းဆောင် ကိုစည်သူမောင် NLD ပါတီဝင်လျှောက်ထား
2015.04.09

ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ကိုစည်သူမောင်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ပါတီဝင်အဖြစ် ဝင်ရောက်လိုက်ပြီဖြစ် ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒလမ်းစဉ်တွေကို ယုံကြည်တာကြောင့် ပါတီဝင်အဖြစ် လျှောက်ခဲ့တာဖြစ် တယ်လို့ ကိုစည်သူမောင်က ပြောပါတယ်။
"ကျောင်းသားတစ်ဦးဟာ ကျောင်းသားနိုင်ငံရေးလော ကနဲ့ ကျောင်းသားသမဂ္ဂ ပြီးသွားလို့ရှိရင် နိုင်ငံရေး ပါတီတစ်ရပ် သို့မဟုတ် သူယုံကြည်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းသော်၎င်း၊ အခြားသောနယ်ပယ် တစ်ခုကို၎င်း ပြောင်းလေ့ရှိပါတယ်၊ အဲ့အတွက်ကြောင့် ကျနော့်အနေနဲ့ကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ မူဝါဒလမ်းစဉ်တွေကို ကျနော်ယုံကြည်တဲ့အတွက်ကြောင့်မို့ အခုလိုဝင်တာပါ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျနော့်ကို ကိုယ်စားလှယ်လောင်းအဖြစ် တာဝန်ပေးလာမယ်ဆိုရင် ၂ဝ၁၅ နိုဝင် ဘာရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအနေနဲ့ အဆင်သင့်ရှိနေပါတယ်၊ တကယ်လို့ ကိုယ်စား လှယ်လောင်းအဖြစ် မရွေးချယ်သွားခဲ့သည့်တိုင်အောင် နိုဝင်ဘာရွေးကောက်ပွဲရဲ့ အောင်နိုင်ရေးကို ကျနော် ရှိနေတဲ့နေရာ ကျရာမြို့နယ်ကနေ ကျနော်အောင်နိုင်ရေးအတွက် အားသွန်ခွန်စိုက်လုပ်ပေးမယ်လို့ ဆုံးဖြတ်ထားပါတယ်"
ကိုစည်သူမောင်ဟာ ၂ဝဝ၇ ရွှေဝါရောင်လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက် ထောင်ဒဏ် ၁၁ နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခံရပြီး အင်းစိန်၊ ဘူးသီးတောင်နဲ့ စစ်တွေအကျဉ်းထောင်တို့မှာ ၄ နှစ်ခွဲအကြာ အကျဉ်းကျခံခဲ့ရပါတယ်။
ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးတာဝန်ဟာ လာမယ့်ဇွန်လမှာ သက်တမ်းကုန်ဆုံး မှာဖြစ်ပေမဲ့ ပါတီစည်းကမ်းအတွင်းကနေ ကျောင်းသားလှုပ်ရှားမှုတွေမှာ ဆက်လက်ပါဝင်သွားမယ်လို့ ကိုစည်သူမောင်က ပြောပါတယ်။