တပ်မတော်နဲ့ ပြည်သူအကြား တန်းတူအခွင့်အရေး ရစေချင်


2014.06.09
kohtaykywe-constitution-305 မကွေးမြို့မှာ ဇွန်လ ၉ ရက်နေ့ကလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုဌေးကြွယ် ဟောပြေနေစဉ်
Photo: 88 Facebook

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်တွေဟာ ပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားမပြုဘူးဆိုရင် အများဆန္ဒနဲ့ ဖြုတ်ချလို့ရကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဌေးကြွယ်က ဒီနေ့ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ပြောပါတယ်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အေးစေတီကျောင်း ဝင်းမှာ ကျင်းပတဲ့ ဟောပြောပွဲမှာ ကိုဌေးကြွယ်က  ပြောကြားခဲ့တာပါ။

"ပြည်သူတွေရဲ့ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ထိုင်နေကြပြီ၊ အဲဒီကိုယ်စားလှယ်တွေဟာ ပြည်သူတွေရဲ့ဆန္ဒကို ဘယ်လောက်ကိုယ်စားပြုသလဲ၊ ပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားမပြုဘူးဆိုလို့ရှိရင်၊ ကျနော်တို့ ပြည်သူတွေရဲ့ အသံကို ထင်ဟပ်မပြဘူးဆိုရင် အဲဒီကိုယ်စား လှယ်တွေကို အများဆန္ဒနဲ့ ဖြုတ်ချလို့ရတယ်"

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်လိုတာဟာ တပ်မတော်နဲ့ ပြည်သူကြားမှာ တန်းတူအခွင့်အရေး ရစေချင်တာကြောင့်ဖြစ်တယ်လို့လည်း ကိုဌေးကြွယ်က ပြောခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီး မကွေးမြို့က ဒေသခံတွေ ထောင်နဲ့ချီပြီး တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။