ကိုထင်ကျော်ကို ထောင်ဒဏ် တစ်နှစ် ထပ်မံချမှတ်


2014.08.15
kohtinkyaw-jul9-305 ရန်ကုန်မြို့ ဗဟန်းမြို့နယ်တရားရုံးရှေ့မှာ ဇူလိုင်လ ၉ ရက်နေ့ က ကိုထင်ကျော်ကို တွေ့ရစဉ်
Photo:Kyaw Zaw Win/ RFA

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဒီနေ့ လှိုင်သာယာမြို့နယ် တရားရုံးက အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ပါတယ်။

ကိုထင်ကျော်ကို လှိုင်သာယာမြို့နယ် တရားရုံးချိန်းနဲ့ ပတ်သက်ပြီး MDCF အဖွဲ့က ကိုကျော်လွင်က အခုလိုပြောပါတယ်။

"ဒီနေ့ကတော့ ထူးထူးခြားခြားပဲဗျ၊ ကိုထင်ကျော်ကို ၉ နာရီထိုးမှာ ရဲအချုပ်ကားနဲ့ ခေါ်လာတယ်၊ ၁ဝ နာရီ မထိုးခင်မှာ ရုံးအမိန့်ချပြီးတော့ ၁ နှစ် အလုပ်ကြမ်း နဲ့ ထောင်ဒဏ်ချလိုက်တယ်၊ ၄ လပိုင်း ၂၉ ရက်နေ့မှာ ကျနော်တို့ဟာ ဘီအိုစီ ကားမှတ်တိုင်ကွေ့မှာ စာဝေခြင်း၊ ဟောပြောခြင်းတို့ကို ကိုထင်ကျော်နဲ့ အဖွဲ့သားတွေ ပြုလုပ်ကြတယ်၊ ပြီးတော့ မီးခွက်ဈေး မှာ ကျနော်တို့သွားလုပ်တယ်၊ အဲဒါကိုစွဲတင်ပြီးတော့ အမိန့်ချမှတ်တာပါ"

ပြီးခဲ့တဲ့ဧပြီလက ပြည်ထောင်စုအစိုးရ အယုံအကြည်မရှိစာရွက်တွေ လိုက်ဝေခဲ့တဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ မြို့နယ် ၁၁ မြို့နယ်က တရားစွဲထား တာဖြစ်ပါတယ်။

တရားစွဲထားတဲ့ မြို့နယ် ၁၁ မြို့နယ်ထဲက သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ မရမ်းကုန်းနဲ့ လှိုင်သာယာမြို့နယ်စတဲ့ မြို့နယ် ၇ မြို့နယ်က ကိုထင်ကျော်ကို ထောင်ဒဏ် ၆ နှစ်ခွဲ အမိန့်ချထားပြီးဖြစ်ပါတယ်။ လာမယ့် သြဂုတ်လ ၁၉ ရက်နေ့မှာ ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးက အမိန့်ချမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။