ကိုးကန့် ဥက္ကဋ္ဌ ဦးမြင့်ဆွေကို စစ်ကောင်စီ ရာထူးကဖယ်ရှား
2023.11.15

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနေရာကို စစ်ကောင်စီက နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အပြောင်းအလဲ ပြုလုပ်လိုက်ပါတယ်။
မူလ ဥက္ကဋ္ဌ ဦးမြင့်ဆွေ အစား ယာယီဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်ကို တာဝန်ပေးလိုက်တယ်လို့ စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ထိုးကြေညာလိုက်တာပါ။
လက်ရှိ အစားထိုးခံလိုက်ရတဲ့ ကိုးကန့်ဥက္ကဋ္ဌ ဦးမြင့်ဆွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို နိုဝင်ဘာလ ၈ ရက်နေ့ နေပြည်တော်မှာ အထူးဖိတ်ကြားထားသူအဖြစ် တက်ရောက်ခဲ့ပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့မှာပဲ အွန်လိုင်းလိမ်လည်မှုတွေနဲ့ ပတ်သက်လို့ တရုတ်ဘက်က ဖမ်းဝရမ်းထုတ်ထားတဲ့ ကိုးကန့်က မြီရှောက်ချမ်း၊ မြီကော်ဖျင်း၊ မြီကျွီလန်နဲ့ မြီကျိန်းကျိန်း တို့ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။