သာကေတမြို့နယ် ကိုရီးယား Jewoo အထည်ချုပ်စက်ရုံ ၇ နာရီကြာမီးလောင်ကျွမ်း

2021.10.15
သာကေတမြို့နယ် ကိုရီးယား Jewoo အထည်ချုပ်စက်ရုံ ၇ နာရီကြာမီးလောင်ကျွမ်း သာကေတမြို့နယ် ကိုရီးယား Jewoo အထည်ချုပ်စက်ရုံ မီးလောင်နေတာကို ၂၀၂၁ အောက်တိုဘာ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: Myanmar Fire Services Department

ရန်ကုန်တိုင်း၊ သာကေတမြို့နယ် စက်မှုလက်မှုရပ်ကွက်၊ မြမာလာလမ်းမှာရှိတဲ့ ကိုးရီးယားနိုင်ငံသားပိုင် Jewoo အထည်ချုပ်စက်ရုံ အောက်တိုဘာလ ၁၅ ရက် မနက်အစောပိုင်း ၁ နာရီခန့်မှာ မီးစတင်လောင်ကျွမ်း ခဲ့ပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က မီးလောင်မှုအဆင့် ၃ (Level 3) အထိနဲ့ ငြှိမ်းသတ်ခဲ့ရပြီး မီးလောင်ကျွမ်းချိန် ၇ နာရီခန့်ကြာမြင့်ကာ မနက် ၇ နာရီမှ မီးငြိမ်းသွားတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

“ညကတည်းကလောင်နေတာ မီးခိုးတွေ မှောင်မဲနေတာပဲ၊ မီးသတ်ကားတွေလည်း ဆူညံနေတာပဲ၊ မနက်မိုးလင်းလို့ ထကြည့်တဲ့အချိန်အထိ မီးခိုးလုံးတွေ မြင်နေရသေးတယ်” လို့ အဲဒီစက်ရုံအနားမှာ နေထိုင်တဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

အဲဒီစက်ရုံဟာ အလုပ်သမားရာနဲ့ချီရှိတဲ့ စက်ရုံဖြစ်တာကြောင့် အားလုံး အလုပ်လက်မဲ့ဖြစ်ကုန်မှာကို စိုးရိမ်နေ တယ်လို့လည်း ဒေသခံက ဆိုပါတယ်။

ဘယ်ကနေ မီးစတင်လောင်ကျွမ်းလဲဆိုတာနဲ့ ထိခိုက်ဒဏ်ရာရှိမှု အခြေအနေနဲ့ ပတ်သက်ပြီး မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်တာ မရှိသေးသလို RFA အနေနဲ့လည်း ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။