တောင်ကိုရီးယား ဝန်ကြီး မြန်မာနိုင်ငံကို လာမည်
2014.06.03

တောင်ကိုရီးယားနဲ့ မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးနဲ့ ဒေသ တွင်း ကိစ္စရပ်တွေကို ဆွေးနွေးဖို့ တောင်ကိုရီးယား နိုင် ငံခြားရေးဝန်ကြီး Yun Byung-se ဟာ အခုတစ်ပတ်အ တွင်း မြန်မာနိုင်ငံကို ချစ်ကြည်ရေး ခရီးလာရောက်မယ် လို့ တောင်ကိုရီးယား အစိုးရအရာရှိတစ်ဦးက ဒီကနေ့ ထုတ်ဖော်ပြောကြား လိုက်ပါတယ်။
မနက်ဖြန် စတင်မယ့် သူ့ရဲ့ခရီးစဉ်ဟာ ၄ ရက်ကြာ မှာဖြစ်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိတယ်လို့ ဆိုပါတယ်။ ဒီလိုတွေ့ဆုံရာမှာ မြောက်ကိုရီးယား နျူကလီးယား လက်နက် အစီအစဉ်ကန့်သတ်နိုင်ရေး ပူးပေါင်း ကူညီဖို့ ဆွေးနွေးမယ်လို့ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ အောက်မေ့ဘွယ်နေ့ဖြစ် တဲ့ သောကြာနေ့မှာ ၁၉၈၃ ခုနှစ်က အာဇာနည်ကုန်း ဗုံးခွဲတိုက်ခိုက်ခံရတဲ့ အထိမ်းအမှတ် အောက်မေ့ဘွယ် အထိမ်းအမှတ်ကျောက်တိုင်ကိုလည်း တက်ရောက်ဖွင့် လှစ်မယ်လို့ သိရပါတယ်။
၁၉၈၃ ခုနှစ် ဗုံးခွဲတိုက်ခိုက်မှုမှာ တောင်ကိုရီးယား အစိုးရဝန်ကြီးတွေအပါအဝင် အစိုးရအဖွဲ့ ကိုယ်စားလှယ် ၁၇ ဦးသေဆုံးခဲ့ရပြီး အထိမ်းအမှတ်ကျောက်တိုင်ထားရှိဖို့ ၂၀၁၂ ခုနှစ်မှာ မြန်မာဖက်က သဘောတူခဲ့ပါတယ်။
၅ ပေနီးပါးအမြင့်ရှိတဲ့ ဒီကျောက်တိုင်ဟာ တောင်ကိုရီးယားမြို့တော်ဆိုးလ်မှာ ထုလုပ်တာဖြစ်ပြီး မေလဆန်း က မြန်မာနိုင်ငံကို ပို့ခဲ့တာဖြစ်ပါတယ်။