မိုင်းပေါက်ကွဲမှု နှစ်နေရာမှာ ဖြစ်ပွား၊ ကလေးတစ်ဦး သေဆုံး


2018.11.11
kyaukme-landmine-622.jpg ကျောက်မဲမြို့နယ် ခုံငင်းရွာအတက်လမ်း နမ့်မန်း-ခုံငင်းတံတားအကျော်မှာ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က မိုင်းတစ်လုံးပေါက် ကွဲတာကြောင့် ကျောက်မဲဆေးရုံကို ရောက်ရှိလာတဲ့ အမျိုးသမီးကို တွေ့ရစဉ်
ဓာတ်ပုံ - မိုင်းရန်နိုင်

ရှမ်းပြည်နယ် မူဆယ်မြို့နယ်က နေအိမ်တစ်လုံးမှာ ဒီနေ့ မိုင်းတစ်လုံးပေါက်ကွဲတာကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ်ဟာ မုံးဝန်း တရုတ်လူမျိုးဖြစ်ပြီး လက်လုပ်မိုင်းလို့ ယူဆရတဲ့ ဘူးခွံကို ဆော့ကစားရာ ကနေ ပေါက်ကွဲမှု ဖြစ်တာလို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ ကလေးတစ်ယောက်ကတော့ မူဆယ်ဆေးရုံမှာ ဆေးကုသမှုခံနေရတယ်လို့ မူဆယ်မြို့ ဂရုဏလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောပါတယ်။

ဒီနေ့မှာပဲ ကျောက်မဲမြို့နယ် ခုံငင်းရွာအတက်လမ်း နမ့်မန်း-ခုံငင်းတံတားအကျော်မှာ ဒီနေ့မနက်က မိုင်းတစ်လုံးပေါက်ကွဲတာကြောင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မိုင်းထိမှန်သူတွေဟာ ခုံငင်းရွာက အသက် ၂၆ နှစ်အရွယ်နဲ့ အသက် ၂၀ အရွယ် အမျိုးသမီးနှစ်ဦးဖြစ်ပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ဆိုင်ကယ်မောင်းသူက လက်၊ လည်ပင်းနဲ့ ပေါင်တို့မှာ ဒဏ်ရာရရှိပြီး နောက်တစ်ဦးကတော့ ခေါင်း၊ လည်ပင်းနဲ့ လက်မောင်းတွေမှာ မိုင်းစ
ထိမှန်ကာ စိုးရိမ်ရတဲ့ အခြေအနေ ရှိနေကြောင်း ကျောက်မဲအိုမ်တမာဝ် လူမှုကူညီရေးအဖွဲ့က မိုင်းရဲနိုင်က ပြောပါတယ်။

ဒဏ်ရာရရှိသူတွေဟာ ကျောက်မဲဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။  ကျောက်မဲမြို့နယ်နဲ့ နမ့်ဆန်မြို့နယ်တဝိုက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း မိုင်းပေါက်ကွဲမှုတွေကြောင့် ဒေသခံအချို့ သေဆုံးတာ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။