ရှေးဟောင်းဘုရားအနီး မွတ်စလင်ဒုက္ခသည် အိမ်ရာ ကျောက်ဖြူဒေသခံတွေ ကန့်ကွက်


2015.09.12
muslim-camp-622.jpg ရခိုင်ပြည်နယ်အတွင်းက မွတ်စလင် ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာရှိတဲ့ မွတ်စလင်ဒုက္ခသည် တစ်ထောင်ကျော်ကို နေအိမ်ဆောက်လုပ်ပြီး ပြန် လည်နေရာချထားဖို့ ပြင်ဆင်နေတာကို ဒေသခံတွေ ကန့်ကွက်လိုက်ကြပါတယ်။

မွတ်စလင်တွေကို နေရာချထားမယ့်နေရာဟာ ရှေးဟောင်း ကျောက်တစ်လုံးဘုရားအနီးမှာ ရှိနေတာကြောင့် ကန့်ကွက်သွားဖို့ ကျောက်ဖြူဒေသခံတွေ ဂုံးချွိန်ကျေးရွာမှာ မနေ့က အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်လိုက်ရတာလို့ အစည်းအဝေး ကျင်းပရာမှာပါဝင်တဲ့ ဂုံးချွိန် ဆရာတော် အရှင်ဣိန္ဒောဘာသက မိန့်ပါတယ်။

"ကျောက်တစ်လုံးရဲ့တောင်ဘင်ခြမ်း မွတ်စလင်တွေနေတဲ့နေရာကို သူတို့က အခုနေရာထိုင်ခင်းချပေးဖို့ လုပ်နေတယ်ဆိုတော့ ဒေသတစ်ခုလုံးက သဘောမတူဘူး၊ သူတို့ကို အဲ့ဒီနေရာကနေပြီးတော့ ပြန် ပြီးပြောင်ရွှေ့ပေးဖို့ဟာကို ဆုံးဖြတ်ကြပါတယ်"

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေကြောင့် မြို့ပေါ်မှာရှိတဲ့ မွတ်စလင် ၁ဝဝဝ ကျော်ကို ရှေးဟောင်း ကျောက်တစ်လုံးဘုရားအနီးမှာ အဆောင်တန်းလျားတွေနဲ့ ယာယီနေရာချထားပေးခဲ့တာပါ။

အခု မွတ်စလင်ဒုက္ခသည်တွေကို ဒေသအာဏာပိုင်တွေက အဲ့ဒီယာယီဒုက္ခသည်စခန်းနားမှာပဲ ပြန်လည်နေရာ ချထားပေးဖို့ စီစဉ်နေတာကြောင့် ကန့်ကွက်နေရတာဖြစ်သလို အဲ့ဒီဒုက္ခသည်တွေကို အခြားနေရာ ကို ပြောင်းရွှေ့ပေးဖို့ကိုလည်း မနေ့က ဆုံးဖြတ်ခဲ့ကြတယ်လို့ ဂုံးချွိန်ဆရာတော် အရှင် ဣိန္ဒောဘာသက မိန့်ပါတယ်။

မနေ့ကအစည်းအဝေးကို ဂုံးချွိန်၊ လိပ်ခမော်၊ ကုလားပါ၊ အုန်းတော၊ နှမ်းဖဲတောင်၊ ရှောက်ချောင်းစတဲ့ အနီးအနားကျေးရွာပေါင်း ၁၅ ရွာက ဒေသခံ ၃ဝဝ ကျော်တက်ရောက်ပြီး ဆုံးဖြတ်ချက်ချခဲ့ကြတာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။