ကျောက်တန်းရွာသားတွေ သေဆုံးမှု အစီရင်ခံစာ အစိုးရထံ တင်သွင်း


2019.06.11
aunglinkyaw-corpse-622.jpg ကျောက်တန်းရွာသား ကိုအောင်လင်းကျော်ရဲ့ ရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံ ရင်ခွဲရုံကနေ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကို ၂၀၁၉ မေ ၁၆ ရက်နေ့က သယ်ဆောင်စဉ်
ဓါတ်ပုံ - မင်းစောမင်း ဖေ့စ်ဘွတ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ရွာသားတွေကိစ္စကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က မြေပြင်စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို အစိုးရဆီ တင်ပြလိုက်ပါတယ်။

နိုင်ငံတော်သမ္မတရုံး၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ဆီ ပေးပို့လိုက်ပြီလို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် RFA ကို အတည်ပြု ပြောပါတယ်။

ကျောက်တန်းရွာမှာ ရက္ခိုင့်တပ်တော် AA နဲ့ပတ်သက်လို့ သံသယရှိသူ ၂၇၅ ဦးကို တပ်မတော်က ဧပြီ ၃ဝ ရက်နေ့က စတင်ထိန်းသိမ်းစစ်ဆေးခဲ့ပါတယ်။

အဲဒီလို စစ်ဆေးနေစဉ်အချိန်ကာလအတွင်း မေလ နှစ်ရက်ညပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ ရွာသား ခြောက်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ကုန်ပိုင်းလောက်မှာ ကော်မရှင်အဖွဲ့ဝင်တွေက သုံးရက်ကြာ မြေပြင်ကွင်းဆင်းစစ် ဆေးခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။