ဦးအေးသာအောင် ထောက်ခံ ကြိုဆိုပွဲ ကျောက်တော်မှာ ကျင်းပ


2016.02.05
ayetharaung-parliament-620.jpg အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင် ကို ဖေဖော်ဝါရီလ ၅ ရက်နေ့က လွှတ်တော်မှာတွေ့ရစဉ်
Photo: RFA

ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးအေးသာအောင်ကို အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ တာဝန်ပေးအပ်တာကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဒီနေ့ ထောက်ခံကြိုဆိုပွဲ ကျင်းပခဲ့ပါတယ်။

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌအဖြစ် တာဝန်ပေးအပ်ခံရတဲ့ ဦးအေးသာအောင်ရဲ့နောက်မှာ ပြည်သူတွေ ရှိနေတယ်ဆိုတာကို ပြသလိုတဲ့အတွက် ဂုဏ်ပြုတာဖြစ်တယ်လို့ ကျောက်တော်မြို့ မြို့မိမြို့ဖအဖွဲ့ဝင် ဦးမောင်အေးစောက ပြောပါတယ်။

"ဒီကနေ့ ၁၂ နာရီအချိန်မှာ ကျောက်တော် သာသနာ့ဗိမာန်မှာ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌတာဝန် အကြီးကြီးကိုယူရတဲ့ ဦးအေးသာအောင် ထောက်ခံပွဲကို ကျနော်တို့လုပ်ကြပါတယ်၊ အဓိကကတော့ ရခိုင်လူမျိုးတွေထဲမှာ ပထမဦးဆုံး နိုင်ငံတာဝန် အကြီးအကဲကိုယူရတဲ့ ဦးအေးသာအောင်ရဲ့နောက် မှာ ပြည်သူတွေ အပြည့်အဝရှိတယ် ဆိုတဲ့သဘောကို ထောက်ခံချင်လို့ ဒီပွဲကိုလုပ်ရတာဖြစ်ပါတယ်"

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို အသိအမှတ်ပြုပြီး နိုင်ငံရေးဆွေးနွေးပွဲတွေကို ချက်ချင်းဆောင်ရွက်ပေးဖို့နဲ့ လာမယ့်အစိုးရသစ်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ထွက်ရှိတဲ့ သဘာဝသယံဇာတွေကို မျှမျှတတ သုံးစွဲခွင့်ရရှိအောင် ဆောင်ရွက်ပေးဖို့ စတာတွေကို တောင်းဆိုကြောင်းလည်း ထောက်ခံသူတွေက ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

အဲဒီထောက်ခံပွဲကို ဒေသခံတွေနဲ့ အရပ်ဘက်လူမှုအဖွဲွ့အစည်းတွေ အဖွဲ့ဝင်တွေ လူဦးရေ ၅၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။