မုံရွာဒေသခံတွေနဲ့ အာဏာပိုင်တွေ ပဋိပက္ခဖြစ် ရွာသားတစ်ဦး ဖမ်းဆီးခံရ


2013.08.10

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အိုးဘိုထောင်ကျေးရွာအုပ်စုမှာ တိုင်းဒေသကြီး လွှတ်တော်အဆောက်ဦးနဲ့ မြို့သစ်တည်ဆောက်ဖို့အတွက် သိမ်းယူထားတဲ့မြေနေရာမှာ ဒီနေ့မနက်ပိုင်းက ဒေသခံအာဏာပိုင်တွေရောက် လာပြီး အုတ်တံတိုင်းခတ်ရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာကြောင့် ဒေသခံရွာသားတစ်ဦး ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ စည်ပင်ဌာနအရာရှိအပါအင် လူပုဂ္ဂိုလ် ၁ဝဝ နီးပါးလောက်က  အုတ်တံတိုင်းခတ်ဖို့လုပ်နေစဉ် ဒေသခံတွေဘက်က တားဆီးခဲ့တာကြောင့် ဒေါ်တင်ရီဆိုသူ ဒေသခံအမျိုးသမီးကို  မုံရွာအမှတ် ရဲစခန်းက ဖမ်းဆီးခေါ်ဆောင်သွားတာလို့ အိုးဘိုထောင်ရွာသူ မဥမ္မာကြည်က RFA ကို ပြောပါတယ်။

"လွှတ်တော်ရုံးဆောက်ဖို့ သိမ်းတဲ့မြေနေရာမှာ အုတ်တံတားခတ်ဖို့ လာကြပါတယ်ရှင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊ တိုင်းအတွင်းရေးမှူးရယ်၊ နောက်ရဲအယောက် ၃ဝ လောက်နဲ့ ဒီမြေကိုလုံးဝမညှိနှိုင်းပဲနဲ့ အုပ်တံတိုင်းခတ်ဖို့ လုပ်ကြတာပေါ့၊ ကျမတို့တောင်သူတွေက လုံးဝသဘောမတူနိုင်ပါဘူးဆိုပြီး တားတဲ့အခါကျတော့ တောင်သူတွေကို ဖမ်းမယ်ဆီးမယ်လုပ်ပြီး ဒေါ်တင်ရီ ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို မုံရွာမြို့ အမှတ် ၁ ရဲစခန်းကိုခေါ်သွားပါတယ်"

အိုးဘိုထောင်ကျေးရွာက တောင်သူ ကျာ်ပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၁၆ဝ ကျော်ကို လွန်ခဲ့တဲ့ ၂ ခုနှစ်ကစလို့ လျော်ကြေးမပေးပဲ သိမ်းယူခဲ့တာလို့ ကျေးရွာသားတွေက ပြောပါတယ်။

သိမ်းယူထားတဲ့ မြေဧက ၁၆ မှာ လွှတ်တော်ဆောက်ဖို့အတွက်လျာထားတဲ့ လယ်ယာမြေ ဧက ၆ ကျော်အတွက် နစ်နာကြေးတောင်းခံထားခြင်းမရှိပေမဲ့ ကျန်တဲ့ ဧက ၁ဝဝ လောက်အတွက် လျော်ကြေးပေးဖို့ တောင်သူတွေ က တောင်းခံထားပြီးဖြစ်ကြောင်း ပြောပါတယ်။

အဲဒီမြေနေရာတွေမှာ အုတ်တံတိုင်းခတ်ဖို့ ဒေသခံအာဏာပိုင်တွေ လာရောက်တာဟာ အခုတခေါက်နဲ့ပါဆိုရင် ၁ ကြိမ်လောက်ရှိပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။