မြေယာ ဥပဒေသစ်ရဲ့ အကျိုးဆက်အပေါ် လေ့လာသူတွေ စိုးရိမ်


2018.12.17
karen-land-622.jpg ကရင်ပြည်နယ်က မြေနေရာတစ်ခုကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/ RFA

မြန်မာနိုင်ငံရဲ့ အခုလတ်တလော ပြင်ဆင်လိုက်တဲ့ မြေယာ ဥပဒေသစ်ကြောင့် သန်းနဲ့ချီတဲ့ ပြည်သူတွေ မြေယာတွေ ဆုံးရှုံးသွားရဖွယ်ရှိပြီး၊ အစိုးရ နဲ့ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေကြားက ငြိမ်းချမ်းရေး ဆွေးနွေးပွဲလည်း ထိခိုက်သွားနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

၂၀၁၂ ပလပ်မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေဟာ မြေယာ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့နဲ့ မြေယာ ဆုံးရှုံးမှု လျှော့ချနိုင်ရေး ရည်ရွယ်တဲ့ ဥပဒေဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ အကျယ်အဝန်း သုံးပုံတစ်ပုံ နီးပါးရှိတဲ့ တိုင်းရင်းသားဒေသ နယ်မြေတွေအပေါ် သက်ရောက်မှုရှိပါတယ်။

အခုပြင်ဆင်တဲ့ဥပဒေအရ ၂၀၁၉ ခုနှစ် မတ်လက စလို့ မြေလွတ်မြေရိုင်း အသုံးပြုသူ မည်သူမဆို ခွင့်ပြုမိန့် ရယူရမှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး KNU လက်နက်ကိုင်အဖွဲ့က ဒီပြင်ဆင်ချက်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရဲ့ ၂၀၁၅ အမျိုးသား အပစ်ရပ် သဘောတူညီချက်ကို ချိုးဖေါက်ရာရောက်ကြောင်း ပြောပါတယ်။

အဲဒီသဘောတူညီချက်အရ  တိုင်းရင်းသားလူမျိုးစုတွေရဲ့ မြေယာ အခွင့်အရေးကို အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အတည်ပြုပေးရမှာဖြစ်တယ်လို့ KNU ပြောခွင့်ရသူ က ပြောဆိုပါတယ်။

အခုပြင်ဆင်တဲ့ဥပဒေဟာ ဌာနေတိုင်းရင်းသားလူမျိးစုတွေရဲ့ အခွင့်အရေးကို အလေးဂရုမပြုတဲ့အပြင်၊ ငြိမ်းချမ်းရေးတည်ဆောက်မှုအပေါ် ထိခိုက်စေတယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။