ဆမီးမြို့မှာ မိုင်းနင်းမိလို့ အရပ်သားတစ်ဦးသေဆုံး

RFA Burmese
2024.04.02
ဆမီးမြို့မှာ မိုင်းနင်းမိလို့ အရပ်သားတစ်ဦးသေဆုံး ပလက်ဝမြို့အဝင်တစ်နေရာကို တွေ့ရစဉ်။
Photo: RFA

ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ်၊ ဆမီးမြို့မှာ ဧပြီလ ၁ ရက်နေ့က ဒေသခံတစ်ဦး တောင်ယာလုပ်ငန်းခွင်ကိုသွားစဥ် မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၆၅ နှစ်အရွယ် ဦးလိုက်ထန်ဖြစ်ပြီး ဒဏ်ရာပြင်းထန်လို့ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တောင်ယာလမ်းဆိုတော့ အရင်ကလည်း သွားနေကြပါ။ မနေ့က ဦးလိုက်ထန်က နင်းမိတာ။ သူနင်းမိတာက မြေမြှုပ်မိုင်းဖြစ်တယ်။ အရင်တုန်းက စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတဲ့နေရာပဲ၊ အဲဒီနေရာမှာ စစ်တပ်တွေ နေခဲ့တာ”

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုမရှိပါဘူး။

ပလက်ဝမြို့နယ်ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ရှိမှာ တိုက်ပွဲတွေမရှိတော့ပေမယ့် မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်း အကြွင်းအကျန်တွေ စိုက်ခင်း၊ ယာခင်းတွေထဲမှာ ကျန်ရှိနေသေးတဲ့အတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီနောက်ပိုင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးတဲ့ အရပ်သား ၅၆ ဦးနဲ့ ဒဏ်ရာသူ သုံးဆယ်ကျော်ရှိတယ်လို့ ချင်းလူ့ခွင့်ရေးအဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။