ဒဂုံအရှေ့မှာ ဆောက်လက်စတိုက်ပြိုကျပြီး အလုပ်သမားအချို့ပိတ်မိနေ

2021.10.15
ဒဂုံအရှေ့မှာ ဆောက်လက်စတိုက်ပြိုကျပြီး အလုပ်သမားအချို့ပိတ်မိနေ ဒဂုံမြို့သစ်(အရှေ့)ပိုင်းမှာ ဆောက်လုပ်ဆဲ အဆောက်အအုံ ပြိုကျတာကြောင့် ၂၀၂၁ အောက်တိုဘာ ၁၅ ရက်နေ့က ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ကြစဉ်
Photo: Myanmar Fire Services Department

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၊ ၆ ရပ်ကွက် မေယုလမ်းထိပ်က ဆောက်လုပ်စတိုက်တစ်လုံး အောက်တိုဘာလ ၁၅ ရက် ဒီနေ့ မနက် ၉ နာရီခွဲမှာ ပြိုကျခဲ့ပြီး အနည်းဆုံး ၁၀ ဦးခန့် ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ဆောက်လုပ်နေတဲ့နေရာမှာ ကလေးငယ်နဲ့ မိသားစု တစ်စု အပါအဝင် အလုပ်သမား ၁၂ ဦးရှိပြီး လေးဦးကိုတော့ အသက်မသေဘဲ ပြန်တွေ့ထားပေမယ့် သေဆုံးသူတွေရှိနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဆောက်အဦဟာ Steel Structure လို့ခေါ်တဲ့ သံမဏီနဲ့ ဆောက်လုပ်တဲ့ပုံစံဖြစ်ပြီး ဘာကြောင့် ပြိုကျသွားလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကတော့ လက်ရှိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီး ၁၀ နာရီခန့်အထိ သုံးဦးကို အသက်ရှင်လျှက်ပြန်လည် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။