လားရှိုး ထောက်ပို့ တပ်ရင်း အနီး ပေါက်ကွဲမှု ဖြစ်ပွား
2015.10.30

Photo: Kan Thar/ RFA
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အမှတ် (၉) ရပ်ကွက် အတွင်းမှာရှိတဲ့အမှတ် (၆၂၆)ထောက်ပံံ့နှင့် ပို့ဆောင်ရေးတပ်ရင်း အရှေ့ဘက်မှာ ဒီကနေ့ ည (၇) နာရီ လောက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။
အနီးအနားက နေအိမ်တွေ တုန်ခါသွားတဲ့အထိ ပေါက်ကွဲအား ပြင်းထန်တယ်လို့ အနီးမှာရှိတဲ့ ဆိုင်ရှင်တွေ က ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာကို တပ်ရင်းတပ်ဖွဲတွေ၊ စစ်တပ်က မိုင်းရှင်းလင်းရေးအဖွဲ့ တွေနဲ့မြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေ လာရောက်စစ်ဆေးခဲ့ပါတယ်။
ဒေသခံတွေကတော့ လက်လုပ်မိုင်းဖြစ်နိုင်တယ်လို့ ပြောကြပေမဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးတင်ဖေဝင်းကတော့ အခုပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းနေဆဲ ဖြစ်တယ်လို့သာ ပြောပါတယ်။