လက်ပန်းတောင်းဒေသမှာ မီးလောင်ဗုံး သုံးဖြိုခွင်းသူတွေကို အရေးယူပေးဖို့ ဒေသခံတွေ တောင်းဆို

လက်ပန်းတောင်းတောင် စီမံကိန်း ဖျက်သိမ်းပေးဖို့ ဆန္ဒ ထုတ်ဖော်တဲ့ သပိတ်စခန်းတွေကို အင်အားသုံးဖြိုခွင်းရာမှာ မီးလောင်ဗုံးသုံးဖို့ အမိန့်ပေးခဲ့တဲ့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ထောင်နဲ့ချီတဲ့ လက်ပန်းတောင်းတောင် ဒေသခံတွေက ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

2013.02.17
monk-hospital305 လက်ပန်းတောင်တောင် သပိတ်စခန်းဖြိုခွဲမှုတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် သံဃာတော်တစ်ပါး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ဒီဇင်ဘာ ၁၆ ရက်နေ့က ရောက်ရှိလာစဉ်။
Photo:RFA/Moe Thu Aung

ဒီကနေ့ ဆည်တဲကျေးရွာ အနီးမှာ ကျေးရွာ ၂၆ ရွာက ဒေသခံ ၁၅၀၀ လောက်ဟာ လူထုအစည်းအဝေး ကျင်းပကြပြီး အဲဒီလို တောင်းဆိုကြတာဖြစ်တယ်လို့ တက်ရောက်လာတဲ့ ကျောက်ဖြူဒိုင်ရွာက ဦးထွန်းစီက ပြောပါတယ်။

လူထုအစည်းအဝေးကို လက်ပန်းတောင်းဒေသ ပြည်သူ့ အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ကြီးမှူးဆောင်ရွက်တာဖြစ်ပါတယ်။

ဒါ့အပြင်  ဒီကနေ့က စတင်ပြီး လက်ပန်းတောင်း တောင်စီမံကိန်း လုံးဝဖျက်သိမ်းရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်မှတ်တွေစတင် ကောက်ယူတာကိုလည်း ပြုလုပ်တယ်လို့ သိရပါတယ်။

ဒီကနေ့ ကျင်းပတဲ့ လူထု အစည်းအဝေးနဲ့က ပတ်သက်ပြီး တုံရွာသစ်က ကိုလေးဝင်းကို အစည်းအဝေးကျင်းပနေစဉ်အချိန်အတွင်းက အာအက်ဖ်အေ ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။