လဝန်းထက်သာစက်ရုံ အလုပ်သမားတွေ နစ်နာကြေးတောင်း
2016.07.08

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုံမှာရှိတဲ့ လဝန်းထက်သာ အထည်ချူပ်စက်ရုံက အလုပ်သမားတွေ အလုပ်ထုတ်ခံလိုက်ရတာကြောင့် အလုပ်ထုတ်နစ်နာကြေးရရှိဖိုကို ဒီကနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
အလုပ်ရှင်ဘက်က အလုပ်ထုတ်နစ်နာကြေးနဲ့ နိုတစ်ကြေးကိုပေးဖို့ ချိန်းတဲ့ရက်ကို မစောင့်ဆိုင်းနိုင်တာကြောင့် ဆန္ဒပြရတာဖြစ်တယ်လို့ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများအဖွဲ့က ကိုဝေလင်း က ပြောပါတယ်။
"အလုပ်ရပ်နားခြင်းခံရတဲ့ ဝန်ထမ်း ၈၅ ဦးပေါ့နော်၊ အလုပ်ထုတ် နစ်နာကြေးရယ်၊ ကြိုတင်အကြောင်း ကြားခြင်းမရှိပဲနဲ့ အလုပ်ရပ်နားတဲ့အတွက် နို့တစ်ကြေး အဲ့ဒီအကြောင်းအရာ နှစ်ခုကို အမြန်ဆုံးရရှိဖို့ အတွက်ပေါ့နော်၊ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ မနက်က ကျနော်တို့ စီတန်းလှည့်လည် လမ်းလျှောက်တာပေါ့၊ ကျနော်တို့ အလုပ်ထုတ်နစ်နာကြေးနဲ့ နို့တစ်ကြေးကို ၈ လပိုင်း ၁ဝ ရက်မှာ လုပ်ငန်းပိုင်ရှင်ဘက် က ပေးမယ်လို့ ပြောတယ်ခင်ဗျ၊ ကျနော်တို့က အဲ့ရက်အထိ မစောင့်နိုင်ဘူး၊ ကျနော်တို့က အမြန်လိုချင် တယ်၊ ဝန်ထမ်းတွေရဲ့ စားဝတ်နေရေး အခက်အခဲရှိတယ်"
လဝန်းထက်သာ အထည်းချုပ်စက်ရုံမှာ အလုပ်သမားပေါင်း ၈၅ ဦးသာရှိပြီး ဒီကနေ့ ၈၅ ဦးစလုံးက ဆန္ဒပြကြ တာ ဖြစ်ပါတယ်။
အလုပ်ရှင်ဘက်က လုပ်ငန်းလည်ပတ်ဖို့အတွက် အခက်အခဲရှိတဲ့အတွက် အလုပ်သမား ၈၅ ဦးစလုံးကို ပြီးခဲ့တဲ့ ပြီးခဲ့တဲ့လက အလုပ်ထုတ်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။