ကုလစုံစမ်းရေးကော်မရှင်ဖွဲ့ရေး အမေရိကန်သမတကို တိုက်တွန်း

မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေကို ဖော်ထုတ်ဖို့အတွက် ကုလသမဂ္ဂမှာ စုံစမ်းရေး ကော်မရှင်တရပ် အမြန်ဆုံး ဖွဲ့စည်းနိုင်ရေးကိစ္စကို အမေရိကန်အစုးိရအနေနဲ့ အရှိန်မြှင့် ကြိုးပမ်းဆောင်ရွက်ဖို့ အမေရိကန် ဥပဒေပြု လွှတ်တော် အမတ် ၃၀ ကျော်က သမတ အိုဘားမားထံ မေလ ၃ ရက် မနေ့က စာရေးသား တိုက်တွန်းလိုက်ကြပါတယ်။

2011.05.04
porters_troop_305_z.jpg စစ်အစိုးရတပ်ဖွဲ့များနှင့် ၎င်းတို့ အဓမ္မ အလုပ်ခိုင်းစေသဖြင့်် အထုပ်အပိုးများ ထမ်းနေရသော ပေါ်တာများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers)
Photo: Courtesy of Free Burma Rangers)

မြန်မာနိုင်ငံတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ပေါ်ပေါက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အမြန်ဆုံး ဖော်ထုတ် စစ်ဆေး အရေးယူနိုင်ဖို့အတွက် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေး ကြိုးပမ်းမှုတွေမှာ အမေရိကန်အစိုးရက ဦးဆောင်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ အောက်လွှတ်တော်အမတ် ၃၁ ဦးက အခုလို စာရေးသား တောင်းဆိုလိုက်ကြတာ ဖြစ်တယ်လို့ အမေရိကန် အခြေစိုက် USCB မြန်မာ့အရေးလှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပါတယ်။

“အမေရိကန် အစိုးရရဲ့ အမြင့်ဆုံး ပုဂ္ဂိုလ်တွေပေါ့ဗျာ၊ သမတ အိုဘားမား ကိုယ်တိုင်၊ ဒီ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကိုယ်တိုင် ဦးဆောင်ဦးရွက်ပြုပြီး ဆောင်ရွက်ဖို့ တောင်းဆိုတာပေါ့။ သူတို့သာ ဦးတောင်ဦးရွက် ပြုမယ်ဆိုလို့ရှိရင် တဖက်က ဆန့်ကျင်ဖက် နိုင်ငံများရဲ့ တုံ့ပြန်မှုကိုလည်း ကျော်လွှားနိုင်မှာ ဖြစ်တဲ့အပြင် ထောက်ခံတဲ့ နိုင်ငံတွေကိုလည်း ပိုပြီး စည်းရုံးနိုင်မှာ ဖြစ်ပါတယ်။”

ဒီ စုံစမ်းရေးကော်မရှင် ပေါ်ပေါက်ရေးအတွက် အမေရိကန်အစိုးရ အနေနဲ့ ကြိုးပမ်းမှုတွေကို နှစ်ဆတိုးမြှင့်ဖို့ လွှတ်တော်အမတ် ၃၁ ဦးရဲ့ သမတထံ ပေးစာထဲမှာ တိုက်တွန်း ရေးသားထားပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံမှာ တိုင်းရင်းသူတွေ အဓမ္မ ပြုကျင့်ခံရမှုတွေ ဆက်လက် ဆိုးဝါးနေပြီး ချင်းပြည်နယ်က အိမ်ထောင်စု ၉၀ ရာနှုန်းကျော်မှာ အနည်းဆုံး မိသားစုဝင် ဆွေမျိုးတဦး အဓမ္မ လုပ်အားပေး ခိုင်းစေခံနေရတယ်ဆိုတဲ့ လူ့အခွင့်အရေးအတွက် သမားတော်များ (PHR) အဖွဲ့က အခုနှစ် ဇန်နဝါရီလအတွင်း ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံပါအချက်တွေကို ပေးစာထဲမှာ ကိုးကားဖော်ပြထားပါတယ်။

ဒီသမတထံ ပေးစာထဲမှာ နယူးယောက်ပြည်နယ် ဒီမိုကရက်တစ် လွှတ်တော်အမတ် ဂျိုးဆက် ခရိုလီ၊ အီလီနွိုက်စ် ပြည်နယ် ရီပါဘလီကန် လွှတ်တော်အမတ် ဒွန် မန်ဇူလိုစတဲ့ မြန်မာ့အရေး တက်တက် ကြွကြွ ဆောင်ရွက်နေတဲ့ လွှတ်တော်အမတ်တွေ ဦးဆောင် လက်မှတ်ရေးထိုးထားပါတယ်။

အခုလို အမေရိကန် အောက်လွှတ်တော်အမတ်တွေက သမတ အိုဘားမားထံ စာရေးသား တိုက်တွန်း လိုက်ကြတာနဲ့ ပတ်သက်လို့ အမေရိကန်အခြေစိုက် USCB မြန်မာ့အရေး ဆောင်ရွက်မှုအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင် ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-05-04 21:28

အဲ့ဒါပေါ်တာ မဟုတ်ဘူး ရဲဘော်တွေပဲ အရပ်ဝတ်သွားတိုင်းပေါ်တာမဟုတ်ဘူး post တင်ချာပုံလိုက်ရှာပြီးတင်တာပိုထိရောက်မယ်ထင်တယ်