ဦးဝီရသူ ထောက်ခံဆန္ဒပြတဲ့ သံဃာ နှစ်ပါးနဲ့ လူ သုံးဦးကို အမှုဖွင့်


2019.06.12
pray-for-wirathu-ygn-622.jpg ဆရာတော် ဦးဝီရသူ ဘေးကင်းရေး လမ်းလျှောက်ဆုတောင်းနေသူတွေကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးက ၂၀၁၉ ဇွန် ၁၁ ရက်နေ့က တားမြစ်စဉ်
Photo: Htet Arkar/RFA

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဆရာတော် ဦးဝီရသူ ဘေးကင်းရေး ဆုတောင်းပွဲ ဦးဆောင်ခဲ့တဲ့ သံဃာ နှစ်ပါးနဲ့ လူ သုံးဦးကို ရန်ကုန် မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ အမှုဖွင့်လိုက်ပါတယ်။

မနေ့နေ့လည်က မရမ်းကုန်းမြို့နယ် စွယ်တော်ဘုရားကနေ ကမ္ဘာအေးဘုရားအထိ လမ်းလျှောက် ဆုတောင်းခဲ့ ကြတာပါ။ မရမ်းကုန်းမြို့နယ် ရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဆုတောင်းပွဲအတွက် ခွင့်ပြုချက် မတင်ထားတဲ့အတွက် အမှုဖွင့်လိုက်တာဖြစ်ကြောင်း တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။ ခွင့်ပြုချက် တင်မထားတဲ့ အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက နှစ်ကြိမ်တားမြစ်ခဲ့ပေမဲ့ ဆက်ပြီး လမ်းလျှောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီလမ်းလျှောက်ဆုတောင်းပွဲမှာ ပါဝင်သူတွေဟာ တွံတေး၊ သုံးခွ၊ တိုက်ကြီးမြို့နယ်တွေကဖြစ်ပြီး၊ သူတို့ကို ဘုရားဖူးဖို့ ဆိုပြီး ခေါ်လာတာလို့ ပါဝင်သူတချို့က ပြောပါတယ်။

အလားတူ တနင်္လာနေ့က လမ်းလျှောက်ဆုတောင်းပွဲကို ဦးဆောင်ခဲ့တဲ့ သံဃာ လေးပါးနဲ့ လူ ငါးဦး ကိုလည်း ဗဟန်းမြို့နယ် ရဲစခန်းက ငြိမ်းစုစီပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အမျိုးသားရေးလှုပ်ရှားသူတွေက ဒီနေ့ညနေမှာလည်း ရွှေတိဂုံဘုရားမှာ ဆုတောင်းပွဲ ကျင်းပမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။