မျိုးဗီဇ DNA တရားဝင် စစ်ဆေးရေးအဖွဲ့ မကြာမီဖွဲ့မည်


2013.02.22

မြန်မာနိုင်ငံက တရားရုံးတွေမှာ စစ်ဆေးတဲ့ အမှုအခင်းတွေကို သက်သေအထောက်အထား ရယူဖို့အတွက် မျိုးဗီဇ DNA တရားဝင် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသွားမယ်လို့ ဒီကနေ့ ပြည်သူ့ လွှတ်တော်မှာ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

အဲ့ဒီအဖွဲ့ ဖွဲ့စည်းဖို့အတွက် ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ တရား လွှတ်တော်ချုပ်ရုံးတို့က ညှိနှိုင်းပြီး အမြန်ဆုံး အကောင်အထည် ဖော်သွားမယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့်က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြား လိုက်တာပါ။

ဒါ့အပြင် ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်ကလည်း တရားရုံးတွေမှာ DNA စစ်ဆေးချက်တွေကို သက်သေခံအဖြစ်နဲ့ အသုံးပြုခွင့်ပေးတယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။

ဒီမေးမြန်းချက်ကို ဟုမ္မလင်း မဲဆန္ဒနယ်မှ ဦးအေးက ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့ပြီး ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ တရား လွှတ်တော်ချုပ်ရုံးတို့က ပြန်လည် ဖြေကြားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။