ထားဝယ်-ကန်ချနာပူရီလမ်း စီမံကိန်း ဒေသခံတွေ ပိတ်ဆို့


2013.09.17

ထိုင်းနိုင်ငံ ကန်ချနာပူရီနဲ့ မြန်မာနိုင်ငံ ထားယ်ရေနက်ဆိပ်ကမ်းတို့ကို ဆက်သွယ်ဖို့ ဖောက်လုပ်နေတဲ့ အေးပြေးလမ်းမတစ်လျှောက်မှာရှိတဲ့ သဗြုချောင်းနဲ့ ရေပုတ်ကျေးရွာကြား အရှည် ၁၃ မိုင်လောက်ကို မြေယာလျော်ကြေးမရတဲ့ ဒေသခံရွာသားတွေက သစ်တုံးတေွနဲ့ ပိတ်ဆို့ထားလိုက်တယ်ို့ သိရပါတယ်။

ဒီကိစ္စဲ့ ပတ်သက်ြီး ဒီကနေ့မနက်ပိုင်းက ထားယ်ြို့ ဆန်းချီရပ်ကွက်မှာရှိတဲ့ ထားယ်ဖွံ့ြဖိုးတိုးတက်ရေးအဖွဲ့ရုံးခန်းမှာ ဒေသခံတွေစုပေါင်းဖွဲ့စည်းထားတဲ့ "လူထုအခြေပြု ရေရှည်တည်တံ့ ခိုင်မြဲရေးနဲ့ ဖွံ့ြဖိုးတိုးတက်ရေးကော်မတီ" က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

စီမံကိန်းအတွက် မြေတွေဆုံးရံှုးခဲ့တဲ့ ထားယ်ခရိုင် မေတ္တာ၊ ကလက်ကြီး၊ ရေပုတ်၊ ကထောင်းနီစတဲ့ ကျေးရွာ ၇ ရွာက ရွာသား ၈ လောက်ဟာ မြေလျော်ကြေးမရသေးတာကြောင့် ရွာသားတွေပူးပေါင်းြီး စီမံကိန်းကားတွေသွားမရအောင် ြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ကတည်းက ပိတ်ို့လိုက်တာပါ။

ထားယ်ရေနက်ဆိပ်ကမ်း ဘက်စုံစီမံကိန်းကို အကောင်အထည်ဖေါ်နေတဲ့ အီတာလျံ၊ ထိုင်းကုမ္ပဏီက ၂၁၁ ခုနစ်ကစြီး ထားယ်ဒေသခံတွေအတွက် လျော်ကြေးတွေပေးထားြီး ဖြစ်ပေမယ့် ဒီလမ်းပိတ်ဆို့ထားတဲ့ ကျေးရွာ ၇ ရွာက ဒေသခံ ၈ လောက်ကတော့ လျော်ကြေးငွေမရသေးဘူးလို့ သိရပါတယ်။

အခုလို လမ်းပိတ်ထားတာဟာ ၃ ြကိမ်မြောက်ရိြှပီလို့သိရြပီး လာမယ့်စက်တင်ဘာလ ၂၈ ရက်နေ့ ပျဉ်းသားတောရွာမှာ အစိုးရအဖွဲ့တာန်ရှိသူတွေ၊ ဒေသခံတွေ၊ ကုမ္ပဏီတာန်ရှိသူတွေ တွေ့ဆုံဆွေးနွေးသွား ဖို့ရှိတယ်လို့ သိရပါတယ်။ ကန်ချနပူရီကနေ ထားယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအထိ ကားလမ်းအရှည်ဟာ မိုင် ၁ဝဝ ကျော်လောက်ရှိတယ်ို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။