လွိုင်ကော် ဗဟိုမဏ္ဍပ် ဒရုန်းနဲ့ဗုံးကြဲခံရလို့ လူ ၂၈ ယောက် ဒဏ်ရာရတယ်လို့ စစ်ကောင်စီကြေညာ

RFA Burmese
2023.04.15
လွိုင်ကော် ဗဟိုမဏ္ဍပ် ဒရုန်းနဲ့ဗုံးကြဲခံရလို့ လူ ၂၈ ယောက် ဒဏ်ရာရတယ်လို့ စစ်ကောင်စီကြေညာ လွိုင်ကော်မြို့ရှိ စစ်ကောင်စီ ပြည်နယ်ဗဟိုမဏ္ဍပ်ကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

Updated 10:07 PM Apr 15, 2023     

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ပြည်နယ်ဗဟိုမဏ္ဍပ်ကို ဧပြီလ ၁၅ ရက်မနက်ပိုင်းမှာ အဖွဲ့တစ်ခုက ဒရုန်းနဲ့ဗုံးတစ်လုံးပစ်ချခဲ့တာကြောင့် အမျိုးသား ၁၅ ယောက်နဲ့ အမျိုးသမီး ၁၃ ယောက်၊ စုစုပေါင်း ၂၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အဲဒီဗဟိုမဏ္ဍပ်ကို လေယာဉ်ကွင်းအနီးက စစ်ကောင်စီရဲ့ ပြည်နယ်ရုံးအတွင်းမှာ တည်ဆောက်ထားတာဖြစ်ပြီး စင်ပေါ်မှာ ယိမ်းအက ကပြဖျော်ဖြေနေချိန် ဗုံးကြဲခံရတာလို့ ဒေသခံတွေကပြောပါတယ်။

ဒဏ်ရာရသူတွေကို ဆေးရုံကားနဲ့ လွိုင်ကော်ပြည်နယ် ပြည်သူ့ဆေးရုံကြီးကို သယ်ဆောင်သွားတယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

“ဒရုန်းနဲ့ကြဲတာ သုံးလုံးကြဲတာ။ သေဆုံးတာတော့မကြားမိဘူး။ ထိခိုက်တာတွေပဲရှိတယ်။ ကျနော်တို့မပါဘူး။ သူတို့ဆေးရုံကားတွေနဲ့ပဲ သယ်တာ”

ဧပြီ ၁၅ ရက်ညနေပိုင်းမှာပဲ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းကျေးရွာ ဓမ္မာရုံမှာ ညနေက ကလေး သုံးဦးအပါအဝင် ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း စစ်ကောင်စီပိုင် သတင်းဌာနတွေက ကြေညာခဲ့ပါတယ်။

ဒီဗုံးကြဲတာတွေနဲ့ပတ်သက်လို့ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ ထုတ်ပြန်ပြောဆိုကြတာ မရှိသေးပါဘူး။ စစ်ကောင်စီက စည်စည်ကားကားကျင်းပဖို့ပြင်ဆင်နေတဲ့ သင်္ကြန်ပွဲတော်ကို ပြည်သူတွေအနေနဲ့ မပါဝင်ကြဖို့နဲ့ ဆန့်ကျင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။