လူငယ်မဲဆန္ဒရှင် ပါဝင်မှုနည်း


2018.11.05
by-election-2018-voter-622.jpg ရန်ကုန်တိုင်း၊ တာမွေမြို့နယ် မဲရုံအမှတ် (၃) မှာ မဲလာပေးသူတစ်ဦးကို ၂၀၁၈၊ နိုဝင်ဘာ ၃ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

ကြားဖြတ်ရွေးကောက်ပွဲမှာ လူငယ်မဲဆန္ဒရှင်တွေ ပါဝင်မှုနည်းတယ်လို့ လေ့လာစောင့်ကြည့်ခဲ့တဲ့ ရွေးကောက်ပွဲ ပညာပေးရေးနဲ့ စောင့်ကြည့်လေ့လာရေး မိတ်ဖက်များအဖွဲ့ EEOP က ပြောပါတယ်။

ရွေးကောက်ပွဲကျင်းပတဲ့နေ့ဟာ စနေနေ့ဖြစ်တဲ့အတွက် အစိုးရဝန်ထမ်းမဟုတ်တဲ့ ပုဂ္ဂလိကလုပ်ငန်းတချို့ ပိတ်ရက် မဟုတ်တာကြောင့် ရွေးကောက်ပွဲမှာ မဲပေးဖို့ ပျက်ကွက်တာဖြစ်နိုင်တယ်လို့ EEOP အဖွဲ့ရဲ့ ရွေးကောက်ပွဲအကြံပေး တာဝန်ခံ မမြနန္ဒာသင်း က ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပတဲ့ ၁၃ နေရာအတွက် မဲပေးပိုင်ခွင့်ရှိသူ ၉ သိန်းကျော်ရှိပေမယ့် မဲလာပေး သူဟာ ထက်ဝက်လောက်သာ ရှိတယ်လို့လည်း ပါတီခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်လောင်းတွေက ပြောကြပါတယ်။

ဒီတစ်ခေါက် ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲထက် ဆန္ဒမဲပေးသူအရေအတွက် နည်းလာတယ်လို့လည်း လေ့လာသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်း/ပြည်နယ်လွှတ်တော်တို့အတွက် တိုင်းနဲ့ ပြည်နယ် ၉ ခုက လစ်လပ်မဲဆန္ဒနယ် ၁၃ ခုမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။