လက်ပန်းတောင်းတောင် စုံစမ်းရေးကော်မရှင် အစီရင်ခံစာ မကြာခင် ထွက်မည်


2013.02.26

စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာက တွေ့ရှိချက်တွေကို အခြေခံပြီး နိုင်ငံအတွက် အကောင်းဆုံးအဖြေကို အမှန်အတိုင်း ရှာဖွေတင်ပြသွားမယ်လို့ လက်ပန်းတောင်းတောင် စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဖေဖေါ်ဝါရီလ ၂၆ ရက် ဒီကနေ့ မနက်ပိုင်း ပြည်ထောင်စုလွှတ်တော်မစခင် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီလကုန်မှာ ထွက်ရှိလာမယ်လို့ဆိုထားတဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်ကို သတင်းထောက်တွေ မေးမြန်းစဉ် ပြန်လည်ဖြေကြားခဲ့တာပါ။

စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ လုပ်ငန်းနဲ့ပတ်သက်လို့လည်း အဖွဲ့ဝင်တွေအနေနဲ့ အားတတ်သရော အလုပ်လုပ်နေသလို၊ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုရှိတဲ့အတွက်ကြောင့် မိမိအနေနဲ့ အလုပ်လုပ်ရတာ အားရကျေနပ်မှုရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

မကြာခင် ထွက်ရှိလာမယ့် လက်ပန်းတောင်းတောင် သပိတ်စခန်းမှာ မီးလောင်ဗုံး သုံးစွဲခဲ့တယ်ဆိုတဲ့ အချက်တွေ အပါအဝင် လက်ပန်းတောင်းတောင် အခြေအနေအားလုံးကို ဖော်ပြထားတဲ့ အစီရင်ခံစာရဲ့အဖြေကို ပြည်တွင်း၊ ပြည်ပနိုင်ငံအားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြတာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။