လက်ပံတောင်းတောင်ဒေသ မပျက်စီးရေး ဆုတောင်းပွဲလုပ်


2014.09.08
lpt-305.jpg လက်ပံတောင်းတောင်ပုံ
Photo: RFA

ကြေးနီစီမံကိန်းကြောင့် လက်ပံတောင်းတောင်ဒေသ မပျက်စီးစေဖို့နဲ့ စီမံကိန်းရပ်ဆိုင်းသွားစေဖို့ ဒေသခံ ၂၀၀ လောက်ဟာ ကျောက်ကြီးတောင်ခြေမှာ ဒီနေ့ ဆုတောင်းပွဲကျင်းပပါတယ်။

အဲ့ဒီဆန္ဒပြ ဆုတောင်းပွဲအကြောင်းနဲ့ပတ်သက်ပြီး တုံရွာကဒေသခံတစ်ဥၤီးဖြစ်တဲ့ ကိုမင်းမင်းက ပြောပြ ပါတယ်။

"ကျောက်ကြီးတောင်ခြေမှာ ကျနော်တို့ လယ်ကွင်းပြင်လေးတစ်ခုလုပ်ပြီးတော့ လက်ပံတောင်းတောင် ၃၃ နှစ်မြောက် ၊ တောင်စောင့်နတ်တွေကို ပင့်ဖိတ်ပြီးတော့ လက်ပံတောင်းတောင် ဒေသခံပြည်သူများ ကို စောင့်ရှောက်ပေးပါ၊ လက်ပံတောင်းတောင်ဒေသခံများရဲ့ မြေယာတွေကိုလည်း ကာကွယ်ပေးပါ၊ ဒီတောင်ကိုလည်းစောင့်ရှောက်ပေးပါလို့ ကျနော်တို့ ဆုတောင်းကြတယ်ခင်ဗျ၊ ဆုတောင်းပြီး တဲ့ နောက်ပိုင်းမှာဆိုလို့ရှိရင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ တောင်ဖြိုတဲ့သူတွေ ၊ မြေသိမ်းတဲ့ သူတွေကို ကျနော်တို့ ဒေသခံတွေခံစားရသလို ခံစားရပါစေ၊ မေတ္တာနဲ့ ဒုက္ခပေးတဲ့သူဟာဆိုလို့ရှိရင် အဲ့ဒီမှာ ကျနော်တို့ ဆုတောင်းကြေညာတိုက်တွန်းပါတယ်၊ ကျနော်တို့ အုပ်စုရယ်၊ မိုးကြိုးပြင် အုပ်စုရယ်၊ ဒေသခံ ၂၀၀ လောက်က ကျောက်ကြီးတောင်ခြေမှာ ကြေညာတိုက်ပွဲလုပ်တယ်ခင်ဗျ"

လက်ပံတောင်းတောင်ဒေသမှာ တောင်  ၃၃ လုံးရှိပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖော်ဆောင်နေ တဲ့ လေးနှစ်အတွင်း ကျေးရွာတွေဖျက်သိမ်းခံရ၊ မြေယာတွေ မတရားအသိမ်းပိုက်ခံရ၊ ရှေးဟောင်း ဘုရားစေ တီတွေဖျက်သိမ်းခံရ၊ တောင်တွေအဖြိုခံရ၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းရ ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းရေး ဆန္ဒပြသပိတ်စခန်းတွေကို မီးလောင်ဗုံးသုံး အကြမ်းဖက် ဖြိုခွဲခံရပြီး အသိမ်းခံထားရတဲ့ မြေယာတွေပြန်လည်ရရှိဖို့ တောင်းဆိုသူတွေလည်း အဖမ်းအဆီးခံရပါတယ်။

ပတ်ဝန်းကျင် မထိခိုက်ရအောင် ISO  လို့ခေါ်တဲ့ နိုင်ငံတကာအသိမှတ်ပြု လက်မှတ်ရရှိပြီးမှ အန္တရာယ်ရှိတဲ့ ဓာတုစက်ရုံတွေ လည်ပတ်လေ့ရှိပေမဲ့ ကြေးနီစီမံကိန်းမှာသုံးဖို့  မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် မိုးကြိုးဆာလ်ဖျူရစ် အက်ဆစ်စက်ရုံဟာ အဲ့ဒီ လက်မှတ်မရခင်ကတည်းက လည်ပတ်နေတာလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။