မျိုးစောင့်ဥပဒေ ဆန့်ကျင်သူကို မဲမပေးဖို့ မဘသအဖွဲ့ တိုက်တွန်း


2015.09.24
mabatha-naypyitaw-620.jpg မျိုးစောင့်ဥပဒေ အောင်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်နေ့က နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တပေါင်းကွင်းမှာ ကျင်းပစဉ်
Photo: Win Ko Ko Latt/RFA

မျိုးစောင့်ဥပဒေ လေးခုကို မထောက်ခံတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို လာမယ့်ရွေးကောက်ပွဲမှာ မဲမပေးကြဘဲ မျိုးစောင့်ဥပဒေတွေကို ကာကွယ်မယ့်သူတွေကိုသာ မဲပေးဖို့ နေပြည်တော် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဆရာတော်က ဒီနေ့ မိန့်ပါတယ်။

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တပေါင်းကွင်းမှာ ကျင်းပတဲ့ မျိုးစောင့်ဥပဒေတွေ ပြဌာန်းနိုင်တဲ့ အောင်ပွဲအခမ်းအနား မှာ နေပြည်တော် မဘသအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဘဒ္ဒ န္တကိတ္တိသာရက မိန့်ကြားတာဖြစ်ပါတယ်။

"မျိုးစောင့်ဥပဒေ လွှတ်တော်ကို တင်သွင်းရာ၍ မထောက်ခံသူ ကန့်ကွက်သူများသည် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ ၍ အနိုင်ရရှိသွားပါက မျိုးစောင့်ဥပဒေကို ဧကန်မုချ ဖျက်ပစ်ကြရမည်မှာ မလွဲပေ၊ ထို့ကြောင့် မျိုးစောင့်ဥပဒေ ဖျက်မည့်သူများကို ရှောင်ကွင်း၍ မျိုးစောင့်ဥပဒေ ကာကွယ်မည့်သူများကိုသာ ကိုယ်စားလှယ်အဖြစ် ရွေးချယ် ကြရန်လည်း အဓိကလိုအပ်သည်"

ဒါ့အပြင် အဲဒီဥပဒေလေးခု ပြဌာန်းနိုင်အောင် ကူညီပေးတဲ့ နိုင်ငံတော်သမ္မတ၊ လွှတ်တော်နဲ့ မဘသဆရာတော်တွေ ကို ကျေးဇူးတင်ကြောင်းလည်း မိန့်ပါတယ်။

ဒီနေ့ အခမ်းအနားကို နေပြည်တော်ကောင်စီအတွင်းက မြို့နယ် ၈ မြို့နယ်အပြင် ရမည်းသင်းမြို့နယ်က မဘသအဖွဲ့ဝင်တွေ သောင်းနဲ့ချီ တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ မျိုးစောင့်ဥပဒေလေးခုကို အတည်ပြုပေးခဲ့တဲ့အတွက် မဘသအဖွဲ့ဝင် ဆရာတော်၊ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေက ရန်ကုန်၊ မန္တလေးအပါအဝင် မြို့နယ်အတော်များများ မှာ အောင်ပွဲအခမ်းအနားတွေ ကျင်းပနေတာဖြစ်ပြီး ဒီနေ့ လားရှိုးမြို့မှာလည်း ကျင်းပခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။