မဲမထည့်ဖို့ ပြောဆိုမှုတွေဟာ မဘသအဖွဲ့ ညွှန်ကြားချက်မဟုတ်


2015.10.02
mabatha-insein-620.JPG ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်မှာ အောက်တိုဘာလ ၂ ရက်နေ့က မျိုးစောင့်ဥပဒေပြဌာန်းနိုင်တဲ့ အထိမ်းအမှတ် သတင်းစာရှင်းလင်းစဉ်
Photo: Thiha Tun/RFA

မျိုးစောင့်ဥပဒေတွေကို မထောက်ခံတဲ့ ပါတီတွေကို မဲမထည့်ဖို့ ပြောဆိုနေတာတွေဟာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးရဲ့ ညွှန်ကြားမှုမဟုတ်ဘူးလို့ ဦးဆောင်ဆရာတော်တွေက မိန့်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်မှာ မျိုးစောင့်ဥပဒေ ပြဌာန်းနိုင်တဲ့ အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲမှာ ဦးဆောင်ဆရာတော် အရှင်ဓမ္မပီယက အခုလို မိန့်ကြားပါတယ်။

"မဘသဘက်က သူ့ရဲ့ပုဂို္ဂလ်ရေးအရလုပ်ရင်လည်း ဘုန်းဘုန်းတို့က ဒါမျိုးတွေမလုပ်ဖို့ တစ်ဘက်မှာလည်းပဲ အလွန်အကျွံမပြောဖို့ဆိုတာ ဘုန်းဘုန်းတို့က အခုလို အခွင့်အခါသင့်တိုင်း နေ့တိုင်း မေတ္တာရပ်ခံပါတယ် ၊ ပြောလည်းပြောဆိုချင်ပါတယ်၊ ပုဂို္ဂလ်ရေးရာနဲ့ အဖွဲ့အစည်းရဲ့ကိုယ်စား အဲ့နှစ်ခုတော့ သဲသဲကွဲကွဲ နားလည်စေချင်ပါတယ်၊ ပုဂို္ဂလ်တစ်ဦးတစ်ယောက်ရဲ့ သူပြောချင်တဲ့စကားကိုပြောတိုင်း ဘုန်းဘုန်းတို့က ဆန်စင်ရာ ကျည်ပွေ့လိုက်နေရရင် ဘုန်ဘုန်းတို့လိုချင်တဲ့ ငြိမ်းချမ်းရေးက ဘယ်တော့မှရမှာမဟုတ်ပါဘူး"

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင်တွေဟာ သံဃာအပါအဝင် ဦးရေ ငါးသောင်းကျော်ရှိနေတဲ့အတွက် သံဃာတိုင်းရဲ့ လုပ်ဆောင်ချက်တွေအားလုံးကို မသိရှိနိုင်ဘူးလို့လည်း ဆရာတော်က မိန့်ကြားပါတယ်။

မဘသအဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို သွားနေတဲ့လမ်းကြောင်းမှာ ဘာသာ သာသနာငြိမ်းချမ်းရေး ကိုသာ ဦးတည်နေတာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ မိန့်ကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။