နိုင်ငံလုံးဆိုင်ရာ မျိုးစောင့်ဥပဒေအောင်ပွဲ ရန်ကုန်မှာ ကျင်းပမည်
2015.09.28

အမျိုးသားဘာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) က ဦးဆောင်ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ မျိုးစောင့်ဥပဒေအောင်ပွဲ အခမ်းနားကို သီတဂူဆရာတော်ဘုရားကြီး အရှင်ဦးဉာဏိဿရ တက်ရောက်မှာဖြစ်ပြီး အမေရိကန်၊ ဗြိတိန်အပါအဝင် နိုင်ငံခြားသံရုံး ၂၅ ရုံးကို ဖိတ်ကြားထားတယ်လို့ မန္တလေးမ စိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဦးဝီရသူ က RFA ကို ဒီကနေ့ မိန့်ပါတယ်။
မျိုးစောင့်ဥပဒေကို ကမ္ဘာအသိအမှတ်ပြုအောင် ရည်ရွယ်ပြီး လာမယ့်အောက်တိုဘာလ ၄ ရက်နေ့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာ ကျင်းပမှာဖြစ်တယ်လို့ RFA က လျောက်ထားမေးမြန်ရာမှာ အရှင်ဦးဝီရသူက အခုလို မိန့်ကြားခဲ့တာပါ။
"နံပါတ်တစ်ကတော့ မျိုးစောင့်ဥပဒေကို ကမ္ဘာကအသိအမှတ်ပြုအောင်လို့ေ ပါ့နော်၊ ဦးဇင်းတို့ မျိုးစောင့်ဥပဒေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်သူလူထုက ဘယ်လောက်ထောက်ခံတယ်ဆိုတာကို ပြချင်လို့ပါ၊ နံပါတ်နှစ် ကတေ ာ့ ဒီမျိုးစောင့်ဥပဒေ ဒီလောက်အရေးကြီးတယ်၊ ဒီလောက်လိုအပ်တယ်၊ ဘယ်လိုကြိုးပမ်းခဲ့တယ်ဆိုတာ ကို သိလို့ရှိရင် နောက်နောင်အစိုးရတွေက ဒီမျိုးစောင့်ဥပဒေကို လုံလုံခြုံခြုံဖြစ်အောင် ထိန်းသိမ်းကာကွယ်နိုင်စေဖို ့ပါ"
ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး မန္တလေးမြို့မှာ သံဃာတစ်သောင်း ဆွမ်းလောင်းလှူပွဲအခမ်းနားကို တက်ရောက် လာတဲ့ ထိုင်းသံဃာတော်တွေနဲ့ တွေ့ဆုံပြီး ထိုင်းနိုင်ငံမှာလည်း အမျိုးဘာသာသာသနာစောင့်ရှောက်ဖို့ လုပ်ဆောင် ရမယ့် အချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံတောင်ပိုင်းမှာ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာတွေ ကို ကန့်ကွက်တဲ့ဆန္ဒပြလှုံ့ဆော်မှုတွေ ထိုင်းနိုင်ငံမှာ လုပ်ဆောင်သွားဖို့ကိုလည်း ထိုင်းသံဃာတော်တွေနဲ့ တွေ့ဆုံ စဉ်မှာ ဆွေးနွေးခဲ့တယ်လို့ ဦးဝီရသူ က မိန့်ပါတယ်။
ဆရာတော် ဦးဝီရသူကို RFA သတင်းထောက် ကိုမျိုးဇော်ကို လျှောက်ထားမေးမြန်းထားပါတယ်။