ဘာသာရေးလူမျိုးရေးသွေးထိုး ဖန်တီးမှုတွေကို သတိထားရှောင် ကြဉ်ဖို့ မဘသတိုက်တွန်း


2016.07.17
mabatha-ememgercy-meeting-620.jpg မဘသ(ဗဟို) အရေးပေါ် အစည်းအဝေးကို ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်မှာ ကျင်းပစဉ်
Photo : Myo Zaw Ko/RFA

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသ(ဗဟို)က ထိလွယ်ရှလွယ်တဲ့ ဘာသာရေး၊ လူမျိုးရေးနဲ့ သက်ဆိုင်တဲ့ ပဋိပက္ခတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေ၊ လုပ်ကြံဖန်တီးမှုတွေကို အထူး သတိထား ရှောင်ရှားကြဖို့ မဘသအဖဲ့ွဝင်တွေကို ဒီနေ့ သတိပေးကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

မဘသအဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ ရေဘေး၊ မီးဘေး၊ လေဘေးစတဲ့ သဘာဝဘေး ဒဏ်သင့်တဲ့ လူထုတွေကို ကူညီဖို့၊ ယဉ်ကျေးမှု အသိပညာ အတတ်ပညာ တိုးတက်စေမယ့် သင်တန်းတွေကို ပို့ချပေးဖို့ စတာတွေကို ဆောင်ရွက်နေပြီး ဆက်လက်ဆောင်ရွက်ဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မဘသအဖွဲ့အစည်းအသီးသီးကနေ လုပ်ဆောင်နေတဲ့ ပရဟိတလုပ်ငန်းတွေ၊ ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ချက် အဆင့်ဆင့်တွေကို အများပြည်သူ နားလည်အောင် စဉ်ဆက်မပြတ် ဟောပြောရေးသားကြဖို့လည်း တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။