မန္တလေး စိုက်ပျိုးရေးသိပ္ပံကျောင်းသူကျောင်းသားတွေ အခွင့်အရေးဆုံးရှုံးနေရတယ်လို့ ဆို

ခေမဏီဝင်း
2020.06.02

စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) ကျောင်းတွင်း အဆင်မပြေတာတွေနဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့အတွက် ကျောင်းသားတွေအနေနဲ့ အခုနှစ်မတ််လက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတို့ကို စာပေးပို့ တိုင်ကြားထားခဲ့ပါတယ်။

အခုလိုလုပ်တာတွေက ရသင့်ရထိုက်တဲ့အခွင့်အရေးရဖို့ လုပ်တာလို့ စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) ကျောင်းသားသမဂ္ဂအဖွဲ့က ဒု-ဥက္ကဌ ကိုဇေယျာမောင်က ပြောပါတယ်။

“ ရသင့်ရထိုက်တဲ့အခွင့်အရေးအတွက်ဆိုတာ ကျောင်းသားသမဂ္ဂရဲ့ မူဝါဒမှာကြည့်နိုင်ပါတယ်။ ကျောင်းရဲ့အာဏာပိုင်တွေနဲ့ အတိုက်အခံပြုလုပ်ပြီး ပုခုံးချင်းယှဉ်ပြီးလုပ်တာမဟုတ်ပါဘူး"


လေ့ကျင့်ရေးဆင်းရာမှာလည်း နေမကောင်းပေမဲ့ မဖြစ်မနေလာရကြောင်း၊ ကျောင်းမှာ အားကစားကြေးကောက်ခံထားပေမဲ့  အားကစားပစ္စည်း စုံလင်စွာ ထောက်ပံ့ပေးတာမရှိကြောင်း၊ ပုဆိုး၊ ထမိန်ကြေးတောင်းခံရာမှာ အချိန် သုံးလကြာမှပေးအပ်ခဲ့ပြီး အရည်အသွေးကောင်းမွန်ခြင်းမရှိကြောင်း စတဲ့အချက်တွေ ထည့်သွင်းတင်ပြခဲ့ပါတယ်။

စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး)က မှတ်တမ်းနဲ့ သုတေသနတာဝန်ခံ ကိုဇင်ကိုမင်းက သူ့ခံစားချက်ကို အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံက စိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံကို နိုင်ငံတကာကလည်းသိသလို မြန်မာနိုင်ငံကလည်း သိပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးကိုအခြေခံပေမဲ့ စိုက်ပျိုးရေးကျောင်းသူကျောင်းသားတွေနဲ့ ကျောင်းတွေကို လျစ်လျူရှု့တာက မဖြစ်သင့်တဲ့အရာပါ “

ကျောင်းတွင်းကြုံတွေ့နေရတာနဲ့ပတ်သက်ပြီး ကျောင်းသားသမဂ္ဂအဖွဲ့က RFA ရဲ့ပေးစာ ကဏ္ဍကို ပြီး ခဲ့တဲ့ မေလက ပေးပို့ခဲ့ဖူးပါတယ်။ အဲ့ဒီနောက်မှာတော့ ဇွန်လ ၁ ရက်နေ့မှာ တိုင်းဒေသကြီးစိုက်ပျိုးရေးရုံးမှာ စိုက်ပျိုးရေးရုံး တာဝန်ရှိသူ တွေက စစ်ဆေးမှု့ပြုလုပ်ခဲ့ပြီး ဇွန်လ ၂ ရက်နေ့မှာတော့ ကျောင်းကတာဝန်ရှိသူတွေကို စစ်ဆေးသွားမှာဖြစ် တယ်လို့ ကျောင်းသားတွေကပြောပါတယ်။

စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုထက်ဝေဟင်က  …

"ကျောင်းဂုဏ်သိက္ခာ ဆရာ ဆရာမတွေရဲ့ ဂုဏ်သိက္ခာကို ထိပါးစေချင်တာ မဟုတ်ဘူး။ ကျီးအာသီးများလိုပဲ အထဲထဲက ပုပ်ပြီး အပြင်ကလှနေတော့ ဘာလုပ်မှာတုန်း။ အဲဒါမဖြစ်သင့်ဘူး။ အမှန်အတိုင်းပဲ ဖြစ်စေချင်တယ်။ ကျောင်းကိုရေရှည် ဖွံံဖြိုးတိုးတက်စေချင်တယ်။"

ကျောင်းသားတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး ပုသိမ်ကြီးစိုက်ပျိုးရေးသိပ္ပံ( မန္တလေး)က ကျောင်း အုပ်ကြီး ဒေါက်တာ ဒေါ်လေးလေးခိုင်ကို RFA  ကဆက်သွယ်မေးမြန်းရာမှာတော့ သူ့အနေနဲ့ပြောစရာ မရှိသေးကြောင်း၊ ဖြေရှင်းဖို့လည်း အခိုင်အမာရှိပြီးသားဖြစ်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။