မတ္တရာမှာ လေကြောင်းက ဗုံးကြဲမှုကြောင့် တစ်ဦးသေ၊ လေးဦး ဒဏ်ရာရ

RFA Burmese
2024.07.07
မတ္တရာမှာ လေကြောင်းက ဗုံးကြဲမှုကြောင့် တစ်ဦးသေ၊ လေးဦး ဒဏ်ရာရ မတ္တရာမြို့နယ် ရုံးပင်ရွာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့စဉ်။
Facebook/Wetlet Informational Network

မန္တလေးတိုင်း မတ္တရာမြို့နယ် ရုံးပင်ရွာကို ဇူလိုင်လ ၇ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား တစ်ဦး သေဆုံးပြီး နောက်ထပ်လေးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အသက် ၆ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရခဲ့တာလို့ မတ္တရာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ လာပစ်သွားတာ။ ဗုံးက နေအိမ်ပေါ်ကျတော့ အမျိုးသမီးက နေရာမှာတင် သေသွားတာ။ နေအိမ်လည်း ပျက်စီးသွားတယ်၊ ထိခိုက်ဒဏ်ရာရတာက မိသားစုနဲ့ ဆွေမျိုးတွေ”

ဇွန်လ နောက်ဆုံးပတ်ကစလို့ မတ္တရာမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း နေ့စဉ်လိုလို ရှိနေတာပါ။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကတော့ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းပေါင်း ၂၅ ခုကို သိမ်းယူထားတယ်လို့ ဇူလိုင်လ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်ကလည်း အပြင်းအထန် ပြန်လည်တိုက်ခိုက်နေတာကြောင့် မတ္တရာမြို့ပေါ်ကလွဲလို့ တစ်မြို့နယ်လုံးနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။