မယ်လအူး ဒုက္ခသည်စခန်း မြေပြို၊ လူ ၈ ဦး သေဆုံး


2018.09.18
maelaoo-landslide-622.jpg ထိုင်းမြန်မာနယ်စပ် မယ်လအူးဒုက္ခသည်စခန်းမှာ မြေပြိုခဲ့တဲ့နေရာကို တွေ့ရစဉ်
Photo: Saw Bway

ထိုင်းမြန်မာနယ်စပ် မယ်လအူးဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က  မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးတာကြောင့် မြေပြိုကာ လူ ၈ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

မြေပြိုတာကြောင့် လူတွေသေသလို လူနေအိမ်တွေ အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ကရင်ဒုက္ခသည် များကော်မတီ KRC အတွင်းရေးမှူး ဦးဘွယ်ဆေး ကပြောပါတယ်။

"လူ ၈ ဦးသေပါတယ် နောက်ပြီးတော့ ၁၁ ဦး ဒဏ်ရာရပါတယ်၊ နောက်အိမ်က အကုန်လုံး ၁၃ လုံးပေါ့နော်၊ မြေပြိုတဲ့ထဲမှာ ၇ လုံးမြုပ်ပါတယ်၊ နောက်ပြီးတော့ ပတ်ဝန်းကျင်က အများပိုင်တဲ့အဆောက်အဦဖြစ်တဲ့ ဆေးရုံတို့၊ စာသင်ကျောင်းတို့၊ ဘုရားရှိခိုးကျောင်းတို့ အကုန်လုံး ၆ လုံးလောက် ပျက်စီးသွားပါတယ်"

ဒီနေ့မနက်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေနဲ့ ဒုက္ခသည်စခန်းကို အကူညီပေးနေတဲ့အဖွဲ့တွေ တွေဆုံဆွေးနွေးကာ ရှေ့ဆက်ကူညီဆောင်ရွက်ဖို့တွေကို ပြောဆိုနေတယ်လို့လည်း သိရပါတယ်။

ဒီမယ်လအူးဒုက္ခသည်စခန်းမှာ လူဦးရေတစ်သောင်းကျော်ရှိပြီး ကရင်တိုင်းရင်းသားတွေ အများဆုံးနေထိုင်တယ်လို့ သိရပါတယ်။

၂၀၀၂ ခုနှစ်တုန်းကလည်း မယ်လအူး ဒုက္ခသည်စခန်းမှာ ရေကြီးခဲ့တဲ့အတွက် လူ ၂၆ ဦး သေဆုံးခဲ့ပြီး အိမ် ၂၅၀ ကျော် ပျက်စီးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။