ကျည်တောင့် ၈ဝဝ နီးပါး မကွေးမှာ တေ့ွရှိ


2019.05.10
magway-bullets-622.JPG မကွေးမြို့ ဘုရားလမ်းကျောက်သားဥယျာဉ်အနီးမှာ တွေ့ရှိခဲ့တဲ့ M-စီးရီးသေနတ်အမျိုးအစားသုံး ကျည်ဆံတွေကို ၂ဝ၁၉ ခုနှစ် မေလ ၁ဝ ရက်နေ့က ရေတွက်နေစဉ်
ဓာတ်ပုံ - ဇော်တူး /RFA

မကွေးမြို့ ဘုရားလမ်းကျောက်သားဥယျာဉ်အနီးမှာ M-စီးရီးသေနတ်အမျိုးအစားသုံး ကျည် ၇၈၂ တောင့် တေ့ွရှိခဲ့ရာ တပ်မတော်ထံ လွဲှပြောင်းပေးအပ်သွားမယ်လို့ မကွေးမြို့မ ရဲစခန်း ယာယီစခန်းမှူး ဒုရဲမှူး စိုးသိန်းထွန်း က RFA ကို ပြောပါတယ်။

အဲဒီကျည်ဆံတွေကို မကွေးမြို့ ဆားစည့်ရပ်ဘုရားလမ်း ကျောက်သားဥယျာဉ်ရဲ့ အုတ်တံတိုင်းဘေးမှာ အမှိုက်အိတ်တွေနဲ့အတူ ဆေးသုတ်သမား ပန်းရံဆရာတစ်ဦးက တွေ့ရှိခဲ့တာလို့ သိရပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မကွေးမြို့ ပြည်သူတွေ တွေ့ဆုံပွဲပြုလုပ်ပြီးတဲ့ နောက်တစ်နေ့ မေလ ၁ဝ ရက်နေ့ ဒီနေ့မှာ တွေ့ရှိတာလည်းဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဇော်တူး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။