မကွေးလယ်သမားတွေ လယ်မြေပြန်လည်ရရှိရေး အစိုးရထံ တင်ပြမည်


2014.08.20
farmers-plant-305 လယ်ကွင်းတစ်ခုအတွင် လယ်သူမများ စပါးပျိုးပင်များ စိုက်ပျိုးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP

မကွေးတိုင်းဒေသကြီးအတွင်း ၂၆ မြို့နယ်က သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်ရဖို့ အတွက် လယ်သမားတွေ စုပေါင်းလက်မှတ်ရေးထိုးပြီး ဒီလကုန်မှာ အစိုးရအဖွဲ့နဲ့ လွှတ်တော်ထံ တင်ပြသွား မယ်လို့ မကွေးတိုင်းတောင်သူလယ်သမားသမဂ္ဂအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မကွေးမြို့မှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ မြေလတ်ဒေ သ တောင်သူလယ်သမားရေးရာ ဆွေးနွေးပွဲကနေ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း မကွေးတိုင်း တောင်သူ လယ်သမားသမဂ္ဂ အတိုင်ပင်ခံ ကိုအောင်ကျော်ကျော် က ပြောပါတယ်။

"ကျနော်တို့ မကွေးတိုင်းမှာ မြို့ပေါင်း ၂၆ မြို့ရှိတယ်၊ မြို့တိုင်းမှာ သိမ်းဆည်းခံလယ်မြေ ပြဿနာရှိနေတယ်၊ သိမ်းဆည်းခံလယ်မြေ ပြန်လည်ရရှိရန် ကျနော်တို့ ဝိုင်းဝန်းပြီး လက်မှတ်ထိုးပါတယ်၊ ကိုယ့်ရွာကိုယ်ပြန်သွားရင် တခြားသိမ်းဆည်းခံရတဲ့ လယ်သမားတွေလက်မှတ်ကို ရယူမှာဖြစ်ပါတယ်၊ အဲဒါပြီးတော့ အစိုးရနဲ့ လွှတ်တော်ကို တရားဝင်တောင်းဆို တင်ပြသွားမှာဖြစ်ပါတယ်"

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်ကစပြီး မကွေးတိုင်းဒေသကြီးအတွင်းက လယ်ယာမြေဧက သိန်းဂဏန်းနီးပါးလောက်ကို စစ်တပ်၊ အစိုးရဌာနတွေနဲ့ ကုမ္ပဏီတွေက သိမ်းယူခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

မကွေးမြို့မှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် လက်မှတ်တွေစုဆောင်းခဲ့ပြီး လက်ရှိပြဌာန်းထားတဲ့ လယ်ယာမြေဥပဒေရဲ့ အားနည်းချက် အားသာချက်တွေကို မြို့နယ်၂၆ မြို့နယ်က လယ်သမားကိုယ်စားလှယ် ၆၀ လောက် တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။