မကွေးတိုင်းမှာ ရေဘေးဒဏ်ခံရသူ ၂ သောင်းနီးပါးရှိ


2017.08.27
magway-flooding-622.jpg ဧရာဝတီမြစ်ရေ မြင့်တက်နေမှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရေကြီးနေသည်ကို သြဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: Prof Win Myat Aye/ Facebook

ဧရာဝတီမြစ်ရေ မြင့်တက်နေမှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၈ မြို့နယ်က လူဦးရေ ၂ သောင်း နီးပါးဟာ ရေလွတ်ရာနေရာတွေ ကို ပြောင်းရွှေ့နေထိုင်နေကြပါတယ်။

ရေစကြို၊ ပခုက္ကူ၊ အောင်လံ၊ မင်းဘူးနဲ့ သရက် စတဲ့မြို့နယ်တွေမှာ ပြောင်းရွှေ့ရတာ အများဆုံး ဖြစ်တယ်လို့ မကွေးတိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုး က ပြောပါတယ်။

" ရေစကြိုမှာက ၂၁၇၇ ဦးပေါ့နော် ရွှေ့ပြောင်းတာ၊ ပခုက္ကူမှာက ၁၀၄၁ ဦး၊ နောက် အောင်လံမှာက ၄၀၀၀၊ မင်းဘူးမှာက ၄၉၇၇  ဦး၊ သရက်မှာက ၁၄၇၅ ရွှေ့ပြောင်းထားတာ၊ အဲမြို့နယ်တွေမှာ အများဆုံးဖြစ်တာပေါ့"

ကံမ၊ မင်းလှ၊ ရေနံချောင်းမြို့နယ်တွေမှာလည်း ရေတွေဝင်ရောက်နေတာကြောင့် ဒေသခံတွေ ပြောင်းရွှေ့ ထားရပါတယ်။

ဒီတစ်ကြိမ်ဟာ ဒုတိယအကြိမ် မြစ်ရေမြင့်တက်လာတာဖြစ်ပြီး မကွေးတိုင်းအတွင်းက စာသင်ကျောင်း ၁၅၀ လောက် ယာယီပိတ်ထားရတယ်လို့လည်း သိရပါတယ်။

ပြောင်းရွှေ့ကြသူတွေအတွက် ဆန်ရိက္ခာ တပတ်စာ ထောက်ပံ့ပေးထားတယ်လို့လည်း မကွေးတိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက ပြောပါတယ်။

ဧရာဝတီမြစ်ရေဟာ မင်းဘူးမှာ စိုးရိမ်ရေမှတ်ရောက်နေပြီး ပခုက္ကူနဲ့ အောင်လံတို့မှာ စိုးရိမ်ရေမှတ် အထက်ကို ကျော်လွန်နေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။