ကျောက်ဖြစ်ရုပ်ကြွင်းကို ပြတိုက်မှာထားဖို့ ဒေသခံတွေပြော


2017.12.06
magway-fossil-622.jpg မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပေပင်စမ်းရွာမှာ တူးဖော်တွေ့ရှိထားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကြီးကို တွေ့ရစဉ်
Photo: ညဏဝဇီရ အရှင်ဇာဂရ

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပေပင်စမ်းရွာမှာ တူးဖော်တွေ့ရှိထားတဲ့ ပေ ၁၀၀ ကျော်ရှိတဲ့ ကျောက်ဖြစ်ရုပ် ကြွင်းကြီးကို ပြည်ပကို မရောင်းချဘဲ နိုင်ငံတော်ကဦးဆောင်ပြီး ပြတိုက်အဖြစ်နဲ့သာ ထားရှိစေချင်တယ်လို့ ဒေသ ခံတွေက ဒီနေ့ ပြောပါတယ်။

သမိုင်းတန်ဖိုးရှိတဲ့ ဒီကျောက်ဖြစ်ရုပ်ကြွင်းကြီးကို တခြားနိုင်ငံတွေဆီ ရောင်းစားခံရတာမျိုး မဖြစ်စေချင်ဘဲ နိုင်ငံပိုင်အဖြစ်သာ ထားစေချင်တယ်လို့ အဲဒီရွာရဲ့ ကျောင်းဆရာ ဦးကျော်ဌေး က ပြောပါတယ်။

"နှစ်သန်းပေါင်းမြောက်များစွာကနေပြီးတော့ ဖြစ်ခဲ့တဲ့ကျောက်ဖြစ်ရုပ်ကြွင်းဗျ၊ နိုင်ငံပိုင်အနေနဲ့ ဆိုရင်တော့ နိုင်ငံရဲ့ပြယုဂ်အဖြစ်နဲ့ ဆိုရင်တော့ ဒေသခံတွေက လက်ခံတာပေါ့၊ ဥပမာ တစ်ယောက်ကနေ ကုမ္ပဏီကနေပြီး တခြားနိုင်ငံတွေဆီ ရောင်းပစ်လိုက်တာမျိုးကို လက်မခံချင်ဘူးဖြစ်နေတယ်"

အဲဒီကျောက်ဖြစ်ရုပ်ကြွင်းကို ပြီးခဲ့တဲ့နှစ်က တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး အခုလက်ရှိအချိန်ထိ တူးဖော်ထားသလောက် အရ အရှည် ပေ ၁၀၀ ကျော်ခန့်၊ လုံးပတ် အရင်းပိုင်းမှာ ပေ ၂၀ ကျော်ရှိပြီး လုံးပတ် အဖျားပိုင်းမှာ ၁၀ ခန့်ရှိတယ်လို့ ပြောပါတယ်။

Tree Jade ဆိုတဲ့ကုမ္ပဏီက အဲဒီကျောက်ဖြစ်ရုပ်ကြွင်းကို တူးဖော်တွေ့ရှိထားတာဖြစ်ပြီး ပြည်ထောင်စုအစိုးရဆီ လုပ်ပိုင်ခွင့်ပြုထားပေးပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က အဲဒီကျောက်ဖြစ် ရုပ်ကြွင်းကို ကုမ္ပဏီက သယ်ယူဖို့ ကြိုးပမ်းခဲ့တဲ့အတွက် ဒေသခံတွေက တားမြစ်ခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ရှေ့ဆက်ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို ဒီကနေ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ ဆွေးနွေးနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။