ဧရာဝတီ မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူဦးရေ ၄ထောင်နီးပါး ပြောင်းရွှေ့
2016.09.13

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်မှာ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ကျေးရွာ ၅ ရွာလောက် အရေးပေါ်ပြောင်းရွှေ့နေကြတယ်လို့ စလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင် က ပြောပါတယ်။
ရေကြီးပြီးတဲ့ နောက်ဆက်တွဲအနေနဲ့ ကမ်းပါးတွေပြိုကျနေတာဖြစ်ပြီး လတ်တလောမှာ စလင်းမြို့နယ် ကျူတော၊ ညောင်ကုန်း၊ သရက်တော၊ တလင်းကြီး စတဲ့ ကျေးရွာ ၅ရွာက လူဦးရေ ၄ထောင်နီး ပါးလောက် ပြောင်းရွှေ့နေကြတာဖြစ်တယ်လို့ စလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်က ပြောပါတယ်။
ပြောင်းရွှေ့နေကြတဲ့ကျေးရွာတွေကို နေရာပြန်လည်ချထားပေးနိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရ က ပြည်ထောင်စုအစိုးရထံ အဆင့်ဆင့်တင်ပြဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် မကွေးတိုင်းဒေသကြီးမှာ မြစ်ကမ်းပါးပြိုကျမှုနဲ့ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း အနီးမှာ မြေပြိုကျမှုတွေရှိနေတာကြောင့် ပွင့်ဖြူမြို့နယ်နဲ့ ရေနံချောင်းမြို့နယ်က ကျေးရွာတချို့လည်း ပြောင်းရွှေ့နေ ရပါတယ်။